Connect with us

Hi, what are you looking for?

သတင်း

ရွှေအရောင်းအဝယ်လုပ်သူများ လုပ်ငန်းတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းကို ဘဏ်တွင်အပေါင်တင်ထားရမည်ဟုစစ်​ကောင်စီဆို

ထိုသတ်မှတ်ချက်အတိုင်းမဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအဖြင့် အရေးယူမည်ဟုလည်း စစ်ကောင်စီကခြိမ်း​ခြောက်ထားသည်။

ရွှေအရောင်းအဝယ်လုပ်သူများ လုပ်ငန်းတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းကို ဘဏ်တွင်အပေါင်တင်ထားရမည်ဟုစစ်​ကောင်စီဆို
ရွှေအရောင်းအဝယ်လုပ်သူများ လုပ်ငန်းတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းကို ဘဏ်တွင်အပေါင်တင်ထားရမည်ဟုစစ်​ကောင်စီဆို

တာရာ/People’s Spring

ရွှေအရောင်းအဝယ်လုပ်လိုသူများသည် လုပ်ငန်းပမာဏတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းကို ဘဏ်တွင် ​ငွေအပေါင်ထားရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်သည်။

ရွှေရောင်းဝယ်ခြင်းတို့ကို လိုင်စင်ဆောင်ရွက်ရမည်ဖြစ်သည်ဟု စစ်ကောင်စီက အောက်တိုဘာ ၂၅ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ​ရွှေလုပ်ငန်းရှင် အသင်းက ယခုကဲ့သို့တင်းကြပ်သည့် စည်းကမ်းထုတ်ပြန်လာခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်းမှာ စစ်​ကောင်စီ နှင့်ပူး​ပေါင်း၍ စစ်​ကောင်စီ ညွန်ကြားသမျှလိုက်ပါ​ဆောင်ရွက်​ပေး​နေ​သောအသင်းဖြစ်သည်။

“ဘဏ်မန်နေဂျာလက်မှတ်နဲ့ ဘဏ်စတိတ်မန့် အစစ်တင်ပြရမယ်လိုကြားတယ်။ ထွေအုပ်ရုံးက ထောက်ခံချက်လည်းတင်ပြပေးရမယ်လို့လည်းပြောတယ်”ဟု ၎င်းကဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ရွှေရောင်းဝယ်ခြင်းလိုင်စင်ကို ၂၀၂၅ ဖေဖော်ဝါရီ ၁၇ ရက်အထိ လျှောက်ထားရန်နှင့် လျှောက်ထားသူများသည် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းနှင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းတို့ အဖွဲ့ဝင်ဖြစ်ရမည်ဟုလည်း ကန့်သတ်ထားသည်။

ထိုအပြင် လျှောက်ထားသူသည် စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက သတ်မှတ်သည့် ဈေးနှုန်းအတိုင်းရောင်းရမည်ဟုလည်းဆိုသည်။

ထိုသတ်မှတ်ချက်အတိုင်းမဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအဖြင့် အရေးယူမည်ဟုလည်း စစ်ကောင်စီကခြိမ်း​ခြောက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook