Connect with us

Hi, what are you looking for?

သတင်း

အင်္ဂဘိုတာဝါတိုင်စခန်းတွင် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ငါးဦးသေဆုံး၊ တစ်ဦးမှာ လက်နက်များယူ ထွက်ပြေး

ကျိုက်ထိုမြို့နယ်၊အင်္ဂဘိုရွာရှိ တာဝါတိုင်စခန်းသည် Mytel ဆက်သွယ်ရေးတာဝါတိုင်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးချိန်ကစ၍ Mytel တာဝါတိုင်များ ဖြိုချခံရမှုကြောင့် စစ်ကောင်စီတပ်သားများလုံခြုံရေးယူ ထားခြင်းဖြစ်သည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်သားများ။ ဓာတ်ပုံ - Getty Images)
(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်သားများ။ ဓာတ်ပုံ - Getty Images)

ရဲခေါင်/People’s Spring

မွန်ပြည်နယ်၊ အင်္ဂဘိုတာဝါတိုင်စခန်းတွင် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ငါးဦးသေဆုံးကာ တစ်ဦးမှာ လက်နက်များယူထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါဒေသရှိ ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။

ဒီဇင်ဘာ ၂၉ ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဥ်ကြောင့် စစ်ကောင်စီတပ်မှာ အင်္ဂဘို တာဝါတိုင်စခန်းအနီးဝန်းကျင်ကို ယနေ့(ဒီဇင်ဘာ ၃၀ရက်)နံနက်အစောပိုင်းကတည်းက စစ်ကား ငါးစီးဖြင့် လိုက်လံရှာဖွေမှုများရှိနေသည်ဟု ဆိုသည်။

“အခင်းဖြစ်နေရာမှာ ဒီမနက် ခွေးတွေ ကားငါးစီးနဲ့ ပတ်နေတယ်။စခ အချင်းချင်းပစ်ကြတာပါ။ဘာကြောင့်လဲ ကျနော်တို့ မသိရသေးဘူး။ဖြစ်ပြီး ညပိုင်းမှ သိရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒေသခံများ၏ သတင်းပို့ချက်အရ အင်္ဂဘိုတာဝါတိုင်စခန်းတွင် စစ်ကောင်စီတပ်သား ခြောက်ဦး ရှိပြီး အခင်းဖြစ်စဥ်တွင် ငါးဦးသေဆုံးပြီး ကျန်တစ်ဦးမှာ လက်နက်များယူ ဆောင်ထွက်ပြေးသွားကြောင်း အသိပေးသည်။

ကျိုက်ထိုမြို့နယ်၊အင်္ဂဘိုရွာရှိ တာဝါတိုင်စခန်းသည် Mytel ဆက်သွယ်ရေးတာဝါတိုင်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးချိန်ကစ၍ Mytel တာဝါတိုင်များ ဖြိုချခံရမှုကြောင့် စစ်ကောင်စီတပ်သားများလုံခြုံရေးယူ ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook