Connect with us

Hi, what are you looking for?

News

ချက်သမ္မတနိုင်ငံဆိုင်ရာ NUG မြန်မာကိုယ်စားလှယ်ရုံးဖွင့်လှစ်

ချက်သမ္မတနိုင်ငံဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးတို့အတွက် ကြိုးစားလှုပ်ရှားနေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများတွေနဲ့ အတူတကွ ရပ်တည်သွားမယ်လို့ ထပ်လောင်းကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ချက်သမ္မတ နိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ရုံးခန်းဖွင့်ပွဲကို အောက်တိုဘာ ၂၇ ရက်က မြို့တော်ပရာဟာမှာ ကျင်းပခဲ့တယ်လို့ အဲဒီကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

NUG မြန်မာကိုယ်စားလှယ်ရုံးခန်းဖွင့်ပွဲအခမ်းအနားကို ချက်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူ့အခွင့် အရေးနှင့် အသွင်ကူးပြောင်းရေးပေါ်လစီဌာန ညွှန်ကြားရေးမှူး Mr. DAVID ČERVENKA တက် ရောက်ခဲ့ပြီး NUG ကို ဆက်လက်ပံ့ပိုးအားပေးကူညီမယ်လို့ ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ချက်သမ္မတနိုင်ငံဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးတို့အတွက် ကြိုးစားလှုပ်ရှားနေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများတွေနဲ့ အတူတကွ ရပ်တည်သွားမယ်လို့ ထပ်လောင်းကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးဖွင့်ပွဲအခမ်းအနားကို NUG လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၊ မြန်မာမိသားစုများ၊ ချက်နိုင်ငံသားများ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားနိုင်ငံမှာလည်း NUG ရဲ့ မြန်မာကိုယ်စားလှယ်ရုံးခန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး အခု ချက်သမ္မတနိုင်ငံမှာ မြန်မာကိုယ်စားလှယ်ရုံးကို ထပ်မံဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook