Connect with us

Hi, what are you looking for?

Fact-Check

ချင့်ပြီးမှယုံ

ဝါဒဖြန့်ချိမှုတွေက ပုံစံမျိုးစုံနဲ့လာတတ်ပါတယ်။ တစ်ချို့ဝါဒဖြန့်ချိမှုတွေက စိတ်ခံစားမှုကို လှုံ့ဆော်ပေးပါတယ်။ တစ်ချို့ကျတော့ အချက်အလက်ကိန်းဂဏန်းတွေ၊ အမှန်အကန်အကြောင်းအရာတွေကိုတပိုင်းတဆသုံးပြီးလည်း မသိမသာ ဝါဒဖြန့်တတ်ပါတယ်။ တစ်ချို့ကျတော့ ဇာတ်ကြောင်းတစ်ခုကိုပဲ ထပ်ကာ ထပ်ကာ ဖတ်မိ၊ ကြည့်မိ၊ နားထောင်မိအောင်လုပ်ပြီး မြင်ဖန်များ တစတစယုံကြည်လာအောင် ဝါဒဖြန့်တာမျိုးလည်းရှိတတ်ပါတယ်။ လူအစုအဖွဲ့တစ်ခု၊ လူမျိုးစုတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးဦးကို အပြစ်တင်တဲ့ဇာတ်ကြောင်းပုံစံနဲ့ ဝါဒဖြန့်တာလည်းရှိပါသေးတယ်။ နောက်တစ်မျိုးကတော့ ထင်ယောင်ထင်မှားဖြစ်စေမယ့် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေအသုံးချပြီးတော့လည်း လွဲမှားတဲ့ဇာတ်ကြောင်းကို ဝါဒါဖြန့်ချိမှုမျိုးလည်းတွေ့ရတတ်ပါတယ်။

ဒါကြောင့် ဒီကနေ့ခတ်ဆိုရှယ်မီဒီယာသုံးတိုင်း ဒီအချက်တွေ သတိထားပေးဖို့လိုပါလိမ့်မယ်။

🔍ပို့စ်တင်ထားတဲ့ အရင်းအမြစ်ကို သေချာဆန်းစစ်ပါ။

❓ ဖတ်မိ၊ ကြည့်မိ၊ နားထောင် မိတာတိုင်းကို မေးခွန်းထုတ်ပါ။

Public Service Announcement

Public Service Announcement

📚 အကိုးအကား၊ အထောက်အထားတွေကို ရှာဖွေပါ။

🤔 စိတ်ခံစားမှုကိုလှုံ့ဆော်ပေးတဲ့ ပို့စ်တွေကို ရှောင်ပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေအပါအဝင်စစ်တပ် ဝါဒဖြန့်ချိတဲ့ အကောင့် တစ်ရာကျော်ကို ဖေ့စ်ဘွတ်ခ်ရဲ့ ပလက်ဖောင်းကနေကဖယ်ရှားခဲ့တယ်လို့ Justice For Myanmar (JFM) ကအသိပေးထားပါတယ်။

သတင်း

မန္တလေးမြို့၊အလယ်ပိုင်းတိုင်း၊စစ်ဌာနချုပ်မှာ PDF ၅၀၀ ကျော်အလင်းဝင်တယ်လို့ စစ်ကောင်စီက ဝါဒဖြန့်တဲ့အထဲမှာ စစ်တပ်နဲ့ပူး​ပေါင်းတဲ့ PDF တစ်ရာ​ဝန်းကျင်သာပါနိုင်ပြီး စစ်တပ်ကလိမ်လည်ထုတ်ပြန်တာလို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)တပ်ရင်းမှူးတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက အသစ်ဖွင့်ထားတဲ့ ဝါဒဖြန့် မီဒီယာတွေရဲ့ အကောင့်တွေကို ဖေ့စ်ဘွတ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က အသိပေးထားပါတယ်။