Connect with us

Hi, what are you looking for?

သတင်း

မင်းပြားတွင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော မင်းပြားမြို့နယ် လက်မရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလူတစ်စုက သတ်ဖြတ်သွားကြောင်း ဒေသခံများကပြောသည်။

အိမ်သွင်/People’s Spring

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော မင်းပြားမြို့နယ် လက်မရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလူတစ်စုက သတ်ဖြတ်သွားကြောင်း ဒေသခံများကပြောသည်။

လက်မရွာသည်မူဆလင်ကျေးရွာဖြစ်ပြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးသိန်းနိုင်သည်ဖေဖော်ဝါရီလ ၁ ရက်နေ့ညက သတ်ဖြတ်ခံရခြင်းဖြစ်သည်။

“အဖွဲ့လိုက်လာတာ။ ဓားနဲ့ခုတ်ပြီး ထွက်ပြေးသွားတာ” ဟုမင်းပြားမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဉ်ကို AA၏ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာနက စစ်ဆေးနေကြောင်း သတင်းရရှိသည်။

တိုက်ခိုက်သွားသူများမှာ ARSA တပ်ဖွဲ့ဝင်များဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ ARSA သည် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့တွင် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုမကြာခဏပြုလုပ်နေသည်ဟု AA က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက မောင်တောမြို့နယ်၊ကျောက်ပန္ဒူရွာမှ ရသေ့တောင်မြို့နယ် စေတီပြင်ရွာ သို့ လာ သည့် သုံးဘီးကားတစ်စီးကို မေယုတောင်ကျော်လမ်း၊ မြို့ယုကျေးရွာအနီးတွင် ARSA အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့၍အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

ထို့အပြင်ဒီဇင်ဘာလ(၂၄)ရက်နေ့ကလည်းမောင်တောမြို့နယ်၊ကြိမ်ချောင်းနှင့် တောင်ပြိုအကြားတွင် စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးလိုက်ပါလာသောခရီးသည်တင်ကားတစ်စီးအား ARSA တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း AAကသတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ARSAအဖွဲ့ဝင်အချို့ကိုဖမ်းမိ၊စစ်တပ်နဲ့ ARSA ပူး​ပေါင်းလှုပ်ရှားမှုအချို့ရှိ​နေ

သတင်း

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA၊RSO၊ARAတို့ရဲ့ ပြည်သူတွေကို သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ ချောင်းမြောင်းတိုက်ခိုက်တာတို့ ရှိနေတဲ့အတွက်ကြောင့် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့အတွင်း နေထိုင်တဲ့ပြည်သူတွေအနေနဲ့ ညဘက်အ ပြင်မထွက်ကြဖို့ အာရက္ခတပ်တော်(AA)က ညမထွက်ရအမိန့်တရပ် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ULA/AAနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ သံတမန်‌ရေးအဆင်ပြေမှာကို မနာလိုတဲ့အုပ်စု​တွေရဲ့လုပ်ကြံမှုဟုအသိ​ပေး

သတင်း

ARSAအဖွဲ့က ခရီးသွား ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှု ဆက်လက်လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော်(AA)က အောက်တိုဘာ ၂၃ရက် မနေ့က သတင်းထုတ်ပြန်ခဲ့ပြီး နယ်စပ်က ပြည်သူတွေအနေနဲ့ ခရီးသွားလာတာ သတိပြုဖို့၊ မဖြစ်မနေမှသာ သွားလာဖို့၊ လိုအပ်ရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတင်းပို့ သွားလာဖို့ ထပ်မံ သတိပေးခဲ့ပါတယ်။

Facebook