Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရာအိမ်မှုးအမျိုးသား ပျုစောထီးတွေ ဝိုင်းရိုက်ခံရပြီးသေဆုံး

မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ရာအိမ်မှုး အမျိုးသား တစ်ဦး စစ်တပ်လက်ဝေခံ ပျုစောထီး အဖွဲ့ဝင်တွေ ဝိုင်းရိုက်ခံရပြီး သေဆုံးသွားတဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကိုယ်တော်နဲ့ ပျုစောထီး ခေါ် ပြည်သူ့စစ်တွေကို တွေ့ရပုံ ဓာတ်ပုံ - ပေါက်ဆရာတော်တယ်လီဂရမ်

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ရာအိမ်မှုး အမျိုးသား တစ်ဦး စစ်တပ်လက်ဝေခံ ပျုစောထီး အဖွဲ့ဝင်တွေ ဝိုင်းရိုက်ခံရပြီး သေဆုံးသွားတဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ရိုက်နှက်ခံရလို့သေဆုံးသူဟာ သင်ပန်းကုန်းရပ်ကွက် ရာအိမ်မှုး ဦးမြင့်သိန်းဆိုသူဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက် ညပိုင်းက နေအိမ်ကို လာရောက်ရိုက်နှက်ကြတာလို့ ရပ်ကွက်အတွင်းနေထိုင်သူ က အသိပေးပါတယ်။

သင်ပန်းကုန်းရပ်ကွက် ၊ ၅၉ လမ်း ၊ ၁၂၂ လမ်းနဲ့ ၁၂၃ လမ်းကြားမှာ ရှိတဲ့ ဂျင်ဝိုင်းကို လိုင်းကြေးတောင်းရာကနေ မကျေနပ်မှုဖြစ်ပွား ပြီးနေအိမ်ထိလာရောက်ရိုက်နှက်သွားတာလို့ အဲဒီ ဒေသခံကပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ဂျင်ဝိုင်းဟာ ပျုစောထီးခေါင်းဆောင် ပေါက်ကိုယ်တော် ရဲ့ တပည့်တွေ ကြီးကြပ်တာလို့ သိရပါတယ်။

“အချင်းချင်းစားခွက်လုရင်းဖြစ်ကြတဲ့သဘောပဲ၊ အဲလောင်းကစားဝိုင်းက နာမည်ကြီးပဲ ” လို့ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး စစ်ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမြို့မှာ ပျုစောထီးတွေကို မွေးထုတ်နေပြီး လက်နက်တပ်ဆင်ပေးသလို ရပ်ကွက်လုံခြုံရေးမှာပါ ပူးတွဲ တာဝန်ပေးတာကို စစ်ကောင်စီ က လုပ်ဆောင်ပါတယ်။

မန္တလေးမှာ ပျုစောထီးတွေဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို လုံခြုံရေးအကြောင်းပြပြီး စစ်ဆေးတာ ၊ ငွေညှစ်တာတွေ ပြုလုပ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလအတွင်းကဆိုရင် မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် နေအိမ် ဓားပြတိုက်မှုနဲ့ပတ်သက်ပြီးဖမ်းခံရသူတွေထဲ ပျုစောထီး ခင်မောင်စိုးဆိုသူ ပါဝင်ခဲ့ပါတယ်။

ခင်မောင်စိုးဆိုသူဟာ ပေါက်ကိုယ်တော်ရဲ့ တပည့်ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က လူမှားဖမ်းတာဖြစ်တယ်လို့ အဲဒီအချိန်က လူမှုကွန်ရက်မှာ ပေါက်ကိုယ်တော်က ရုပ်သံနဲ့ပြောကြားခဲ့ပေမယ့် အဲဒီရုပ်သံကို နောက်ပိုင်းမှာ ပြန်လည်ဖြုတ်ချသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook