Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩစတြေးလျမှာ ဝေလငါး ၁၅၇ ကောင် အစုလိုက် သောင်တင်၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း ဆောင်ရွက်နေ

ဩစတြေးလျ ကမ်းရိုးတန်း တစ်နေရာမှာ အရေအတွက် ရာနဲ့ချီ အစုလိုက် သောင်တင်နေတဲ့ ဝေလငါးတွေထဲက ရနိုင်သမျှကို ကယ်ဆယ်နိုင်ဖို့ ကျွမ်းကျင်သူတွေ၊ စေတနာ့ဝန်ထမ်းတွေ အပူတပြင်း ကြိုးစားနေကြပါတယ်။

ဩစတြေးလျ ကမ်းရိုးတန်း တစ်နေရာမှာ အရေအတွက် ရာနဲ့ချီ အစုလိုက် သောင်တင်နေတဲ့ ဝေလငါးတွေထဲက ရနိုင်သမျှကို ကယ်ဆယ်နိုင်ဖို့ ကျွမ်းကျင်သူတွေ၊ စေတနာ့ဝန်ထမ်းတွေ အပူတပြင်း ကြိုးစားနေကြပါတယ်။

False killer whale မျိုးစိတ် ဝေလငါး ၁၅၇ ကောင်ဟာ ဩစတြေးလျ တောင်ပိုင်း၊ တက်စ်မေးနီးယားကျွန်းရဲ့ အနောက်မြောက်ဖက်မှာရှိတဲ့ အော်သာမြစ်ဝနားမှာ သောင်တင်ခဲ့တာ ဖြစ်ပါတယ်။

တက်စ်မေးနီးယား အမျိုးသား သဘာဝ ရင်းမြစ်နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနက ဖေဖော်ဝါရီ ၁၉ ရက်နေ့ထိ အခြေအနေအရ သောင်တင်နေတဲ့ ဝေလငါးတွေထဲက အကောင် ၉၀ လောက် အသက်ရှင်နေဆဲလို့ ယုံကြည်ရကြောင်း ပြောပါတယ်။

ဝေလငါးတွေ ပြန့်ကြဲပြီး သောင်တင်နေတဲ့ အဲဒီ ကမ်းရိုးတန်း နေရာဆီ တိရစ္ဆာန်ဆေးကု ဆရာဝန်တွေလည်း ရောက်ရှိနေပြီး အာဏာပိုင်တွေက လူထုကိုတော့ အသွားအလာ မလုပ်ဘဲ ရှောင်ကွင်းကြဖို့ တိုက်တွန်းထားပါတယ်။ အခင်းဖြစ်တဲ့ နေရာဟာ လော်ဆက်စတန်မြို့နဲ့ ကီလိုမီတာ ၃၀၀ လောက် ကွာဝေးပြီး ခရီးလမ်းမှာလည်း တောမီးလောင်ထားလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု ပြဿနာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေရာကို ရောက်အောင်သွားဖို့ ခက်ခဲတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေက ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေကြောင်း၊ နောက်ပြီး ဝေးလံသီခေါင်လှတဲ့ နေရာ ဖြစ်နေတာကြောင့် အကြီးစား ယန္တရားတွေကို ယူဆောင်သွားဖို့ အရမ်း ခက်ခဲကြောင်း ဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

ညပိုင်းမှာ ငါးမျှားရင်း ဝေလငါးတွေ သောင်တင်နေတာကို တွေ့ရှိခဲ့ပြီး အာဏာပိုင်တွေဆီ အကြောင်းကြားခဲ့သူ ဒေသခံ ဂျို့စ်လင်းဖလင်းက ဝေလငါးတွေထဲမှာ အကောင်ငယ်လေးတွေလည်း ပါဝင်ပြီး မိသားစုတွေအလိုက် ဒုက္ခရောက်နေကြတာ ဖြစ်နိုင်ကြောင်း၊ သူတို့တွေ အားလုံး ခက်ခက်ခဲခဲ ရုန်းကန်နေခဲ့ကြပြီး မျက်လုံးတွေက သူ့ကို အကူအညီ တောင်းနေတယ်လို့ ခံစားမိခဲ့ကြောင်း ဖလင်းက ဆိုပါတယ်။

လောလောဆယ်မှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရနိုင်သမျှ ဝေလငါးတွေကို ပင်လယ်ထဲ ပြန်ပို့ပေးနိုင်ဖို့ အချိန်လု ကြိုးပမ်းနေပါတယ်။

ဩစတြေးလျမှာ ကြုံတွေ့ရတဲ့ ဝေလငါးတွေ သောင်တင်မှု ဖြစ်စဉ် အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ တက်စ်မေးနီးယား ကျွန်းပေါ်မှာဖြစ်ပြီး အထူးသဖြင့် ကျွန်းရဲ့ အနောက်ဖက်ခြမ်း ကမ်းခြေတွေမှာ အတွေ့ရ များပါတယ်။

၂၀၂၀ ပြည့်နှစ်က လက်ရှိနေရာထက် တောင်ပိုင်းပိုကျတဲ့ မက်ကွိုင်ယာ ဆိပ်ခံနားမှာ ဝေလငါး အကောင်ရေ ၄၇၀ လောက် သောင်တင်ခဲ့ပြီး ကယ်ဆယ်ရေးတွေ အစွမ်းကုန် လုပ်ဆောင်ခဲ့ပေမယ့် ၃၅၀ လောက် သေဆုံးခဲ့ပါတယ်။ ၂၀၂၂ တုန်းကလည်း အဲဒီ ဧရိယာမှာပဲ နောက်ထပ် ဝေလငါး အကောင် ၂၀၀ လောက် သောင်တင်ခဲ့ဖူးပါတယ်။

ဝေလငါး မျိုးစိတ် အများအပြားဟာ အစုအဖွဲ့နဲ့ နေထိုင်တတ်ကြပြီး အကောင်ရေ အများအပြား လှည့်လည် သွားလာတတ်ကြတာကြောင့် တစ်ကောင် သောင်တင်ရင် ကျန်တဲ့ အများအပြားပါ ဒုက္ခကြုံတတ်ကြတာ ဖြစ်ပါတယ်။ တစ်ခါတလေမှာလည်း အမဲလိုက်ကြရာက အရှိန်လွန်ပြီး ရေတိမ်ပိုင်းတွေထိ ရောက်လာရင်း သောင်တင်ကြတာ ဖြစ်နိုင်ကြောင်း ပညာရှင်တွေက သုံးသပ်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်အနုပညာရှင် သုံးဦး ခေါင်းဆောင် ပါဝင်ထားတဲ့ Ray ရုပ်ရှင်ကို ဇွန် ၂၇ ရက် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးပြသသွားမှာဖြစ်ပါတယ်။

သတင်း

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြမှု ဇွန်လ ၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

လေဆာ အမွေးရိတ်စက် တစ်ခုကို ဗုံးလို့ သံသယရှိရာက ဩစတြေးလျမှာ လေဆိပ်တစ်ခု ယာယီပိတ်ခဲ့ရပြီး ဗုံးရှင်းလင်းရေး အဖွဲ့တွေကိုပါ ခေါ်ယူခဲ့ရပါတယ်။