Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့်ချုပ်ဆိုသော စာချုပ်များ အကျိုးမရှိကြောင်း ရုရှားအစိုးရထံ NUG စာရေးသား ကန့်ကွက်

အာဏာသိမ်းစစ်ကောင်စီနှင့် ချုပ်ဆိုထားသော စာချုပ်များသည် ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုများအတွက် အကျိုးမရှိကြောင်း ရုရှားအစိုးရထံ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာရေးသားပေးပို့ခဲ့ကြောင်း သိရသည်။

လီလီယန်/People’s Spring

အာဏာသိမ်းစစ်ကောင်စီနှင့် ချုပ်ဆိုထားသော စာချုပ်များသည် ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုများအတွက် အကျိုးမရှိကြောင်း ရုရှားအစိုးရထံ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာရေးသားပေးပို့ခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ မတ်လဆန်း ရုရှားခရီးစဥ်အတွင်း ရုရှားသမ္မတ ပူတင်နှင့် နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြရာ အဆိုပါ စာချုပ်များမှာ ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုများအတွက် အကျိုးမရှိကြောင်း ရုရှားအစိုးရထံသို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာရေးသားပြောဆိုခဲ့ပြီးဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။ ၎င်းက ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဥ်မှတဆင့် ယနေ့(မတ်လ ၁၈ရက်)ပြောကြားခဲ့ခြင်းဖြစ်သည်။

“အကြမ်းဖက်စစ်ကောင်စီက တရားမဝင် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနဲ့ ပတ်သက်တဲ့ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များထုတ်ပေးခြင်းကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၁ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်” ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရသည် အာဏာသိမ်းမှုမတိုင်မီက နိုင်ငံများအကြား ချုပ်ဆိုထားသော နယ်နိမိတ်သဘောတူညီချက်များအပါအဝင် စာချုပ်များနှင့် သဘောတူညီချက်များကိုသာတာဝန်ယူဆောင်ရွက်မည်ဖြစ်၍ တရားမဝင်သော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)ထံမှ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ တောင်းခံကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို လုံးဝမပြုလုပ်ကြရန်နှင့် ဆောင်ရွက်ဆဲ တရားမဝင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း ခြွင်းချက်မရှိ ရပ်ဆိုင်းထားရန် အထူးသတိပေးအကြောင်းကြားလိုကြောင်း သမ္မတရုံးပြောခွင့်ရသူက ဆက်ပြောသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ရုရှားခရီးစဥ်အတွင်း အနုမြူစွမ်းအင်၊ ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာဖွေရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ််နှံမှု၊ အကောက်အခွန်၊ ပညာရေး၊ ကျန်းမာရေး၊ အားကစားစသော နယ်ပယ်များနှင့်သက်ဆိုင်သော သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာများ စုစုပေါင်း ၁၀ခု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် ရုရှားနိုင်ငံမှ နောက်ထပ် အာဏာရှင်နိုင်ငံဖြစ်သော ဘီလာရုစ်နိုင်ငံသို့ ဆက်လက်သွားရောက်ရာ အားကစားကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းစာ၌ ဖော်ပြသည်။

ယင်းခရီးစဥ်များနှင့်ပတ်သက်၍ “အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှနဲ့ဘီလာရုစ်နိုင်ငံများကို သွားရောက်ခဲ့တာဟာ သူနဲ့ စစ်ကောင်စီရဲ့ အာဏာတည်မြဲရေးအတွက် အထောက်အကူပြုရေး၊ စစ်လက်နက်များ ဝယ်ယူရေး၊ တရားမဝင်ငွေကြေးရှာဖွေရေး၊ မြန်မာပြည်သူများ၏ လုပ်အားကို အမြတ်ထုတ်ရေးနဲ့ လုပ်သားတင်ပို့ဖို့ဆိုတာတွေအပြင် စစ်ရှုံးနေတဲ့ သူ့စစ်တပ်ကို လိမ်လည်လှည့်စားပြီး စိတ်ဓာတ်မြှင့်တင်ဖို့နဲ့ အတုအယောင် ရွေးကောက်ပွဲကနေပြီး နိုင်ငံရေးထွက်ပေါက်ရှာရန်သာ ဖြစ်ပါတယ်” ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook