Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် – မန္တလေးလမ်းဟောင်း PDF များစစ်ဆေးစဉ် စစ်ကောင်စီတပ်ရောက်လာ၍ တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိဟု တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲ အသိပေး

ရန်ကုန် - မန္တလေးလမ်းပိုင်းတွင် PDF ရဲဘော်များ ယနေ့ စစ်ဆေးရေးလုပ်နေစဉ်။ ဓာတ်ပုံ - MOD

မတ်-၂၈၊၂၀၂၅။ ဟန်နွေ/People’s Spring

ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များ စစ်ဆေးနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း PDF တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

အုတ်တွင်းမြို့နယ်၊ညောင်ခြေထောက်အပိုင်တွင် မတ်လ ၂၇ရက်က ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂)၊ တိုင်းစစ်ဌာန (ပဲခူး) ကွပ်ကဲမှုအောက်ရှိ ဗျူဟာ (၂၃) ၊ (၃၅၀၂) စစ်တောင်းစစ်ကြောင်းတို့က လုံခြုံရေးစစ်ဆေး​နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာ၍ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၇ ရက်​၊ မနက် ၇နာရီ ၄၅မိနစ်တွင် ညောင်ခြေထောက်အပိုင် ရဲစခန်းမှ အင်အား(၆)ယောက်ဦး အိမ်စီးကား အဖြူရောင် ၁စီး၊ ရထားခေါင်းတွဲ အတိုဖြင့် အင်အား(၁၀)ယောက်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြသည်။ ရထားတွဲပေါ် ဘန်ကာများပြုလုပ်ထားဟုသိရသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/494957756884002

“သီးခြားစီပါ။ စစ်ဆေးနေစဉ် ရောက်လာတာပါ” ဟုစစ်ကောင်စီစစ်သား နှင့်ရဲများသီးခြားစီတိုက်ပွဲဖြစ်ပွားခဲ့​သော အခြေအနေကို တပ်ရင်း(၃၅၀၂) သတင်းပြန်ကြားရေး တာဝန်ခံ ကိုစွန်ရဲက ပြောပြသည်။

ပြည်သူများထံသတင်းကောင်းများ ပေးနိုင်ရေး အတွက်လည်း ကြိုးစားနေကြောင်း၎င်းကဆက် ပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရရှိခဲ့ဟု ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းသစ် ၊ ပဲခူး-စစ်တောင်းလမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံ လမ်းပိုင်းများကို နေ့စဥ် ည (၆) နာရီမှ နံနက် (၆) နာရီအတွင်း သွားလာခြင်း မပြုကြရန်​တော်လှန်​ရေးတပ်ဖွဲ့များကထုတ်ပြန် အသိပေးထားသည်။

(PDF များက ရန်ကုန်-မန္တ​လေးအမြန်လမ်းတွင်မတ် ၂၇ ရက်၌ လမ်းလုံခြုံ​ရေး​ဆောင်ရွက်စဥ်။

ရုပ်သံ-NUG-MOD)

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။