မတ်-၂၈၊၂၀၂၅။ ဟန်နွေ/People’s Spring
ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များ စစ်ဆေးနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း PDF တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။
အုတ်တွင်းမြို့နယ်၊ညောင်ခြေထောက်အပိုင်တွင် မတ်လ ၂၇ရက်က ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂)၊ တိုင်းစစ်ဌာန (ပဲခူး) ကွပ်ကဲမှုအောက်ရှိ ဗျူဟာ (၂၃) ၊ (၃၅၀၂) စစ်တောင်းစစ်ကြောင်းတို့က လုံခြုံရေးစစ်ဆေးနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာ၍ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။
မတ်လ ၂၇ ရက်၊ မနက် ၇နာရီ ၄၅မိနစ်တွင် ညောင်ခြေထောက်အပိုင် ရဲစခန်းမှ အင်အား(၆)ယောက်ဦး အိမ်စီးကား အဖြူရောင် ၁စီး၊ ရထားခေါင်းတွဲ အတိုဖြင့် အင်အား(၁၀)ယောက်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြသည်။ ရထားတွဲပေါ် ဘန်ကာများပြုလုပ်ထားဟုသိရသည်။

Public Service Announcement
https://www.facebook.com/LuduNwayOo/videos/494957756884002
“သီးခြားစီပါ။ စစ်ဆေးနေစဉ် ရောက်လာတာပါ” ဟုစစ်ကောင်စီစစ်သား နှင့်ရဲများသီးခြားစီတိုက်ပွဲဖြစ်ပွားခဲ့သော အခြေအနေကို တပ်ရင်း(၃၅၀၂) သတင်းပြန်ကြားရေး တာဝန်ခံ ကိုစွန်ရဲက ပြောပြသည်။
ပြည်သူများထံသတင်းကောင်းများ ပေးနိုင်ရေး အတွက်လည်း ကြိုးစားနေကြောင်း၎င်းကဆက် ပြောသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရရှိခဲ့ဟု ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းသစ် ၊ ပဲခူး-စစ်တောင်းလမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံ လမ်းပိုင်းများကို နေ့စဥ် ည (၆) နာရီမှ နံနက် (၆) နာရီအတွင်း သွားလာခြင်း မပြုကြရန်တော်လှန်ရေးတပ်ဖွဲ့များကထုတ်ပြန် အသိပေးထားသည်။
(PDF များက ရန်ကုန်-မန္တလေးအမြန်လမ်းတွင်မတ် ၂၇ ရက်၌ လမ်းလုံခြုံရေးဆောင်ရွက်စဥ်။
ရုပ်သံ-NUG-MOD)


















































