Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါရီက အမှိုက်သန့်စင် စက်ရုံမှာ အကြီးအကျယ် မီးလောင်မှုဖြစ်ပွား

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ အကြီးစား မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားပြီး ရာနဲ့ချီတဲ့ မီးသတ်ဝန်ထမ်းတွေက နာရီတွေနဲ့ချီ အချိန်ယူပြီး ကြိုးစား ငြှိမ်းသတ်ခဲ့ရပါတယ်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ အကြီးစား မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားပြီး ရာနဲ့ချီတဲ့ မီးသတ်ဝန်ထမ်းတွေက နာရီတွေနဲ့ချီ အချိန်ယူပြီး ကြိုးစား ငြှိမ်းသတ်ခဲ့ရပါတယ်။

ပါရီရဲ့ အကြီးဆုံး အမှိုက်ပြန်လည် သန့်စင်ရေး စက်ရုံတစ်ခုမှာ ဧပြီ ၇ ရက် ညနေပိုင်းက စတင်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ Syctom Paris 17 စက်ရုံရဲ့ မြေအောက်ထပ်နေ စပြီး ပမာဏ အလုံးအရင်းနဲ့ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ မြို့တော်ဝန် ဂေါ့ဖရေး ဘူးလာ့ဒ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

စက်ရုံ ဝန်ထမ်း အားလုံးကို ရွှေ့ပြောင်းပေးထားပြီး မီးငြှိမ်းသတ်ရေးကို လုပ်ဆောင်နေကြောင်း၊ အဲဒီဧရိယာ တဝိုက်ကို ရှောင်ရှားကြစေလိုကြောင်းလည်း သူက တိုက်တွန်းထားခဲ့ပါတယ်။

ပါရီမြို့တော် အနောက်မြောက်ပိုင်း၊ ဆိန်းမြစ်ကမ်းနားမှာ တည်ရှိတဲ့ စက်ရုံ မီးလောင်မှုအတွင်း ထိခိုက်ဒဏ်ရာရတဲ့ သတင်းတော့ မကြားရသေးပါဘူး။ ဒါပေမဲ့ မီးခိုးလုံးတွေ အူထွက်နေတဲ့ နေရာတဝိုက်မှာ နေထိုင်သူ တချို့တော့ မီးခိုးမွှန်တဲ့ဒဏ်ကို ခံစားခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

မီးသတ်ဝန်ထမ်း အင်အား ၂၀၀ လောက်က အမြန်ဆုံး ရောက်ရှိလာပြီး မီးကို ထိန်းချုပ် ငြှိမ်းသတ်ဖို့ ကြိုးစားပေမယ့် မီးပမာဏ အရမ်းများတာကြောင့် စက်ရုံတစ်ခုလုံးကို ကူးစက်လောင်ကျွမ်းခဲ့တယ်လို့လည်း ဘူးလာ့ဒ်က ဆိုပါတယ်။

မျက်မြင်တွေကတော့ မီးတောက်တွေနဲ့ မီးခိုးတွေ အူထွက်နေတဲ့ အဆောက်အအုံ မြင်ကွင်းဟာ လွန်ခဲ့တဲ့ ၆ နှစ်က ပါရီမြို့တော် ကျက်သရေဆောင် နော့ထရီဒမ် ဘုရားကျောင်းကြီး မီးလောင်ခဲ့တဲ့ ဖြစ်စဉ်ကိုတောင် ပြန်အမှတ်ရစေတယ်လို့ ပြောပါတယ်။ အမိုးနဲ့ စုလစ်မွန်းချွန်တွေ မီးလောင် ပျက်စီးသွားခဲ့တဲ့ ရှေးလက်ရာ ဘုရားကျောင်းကြီးကို အကြီးစား ပြင်ဆင် မွမ်းမံမှုတွေ လုပ်ဆောင်ပြီးတဲ့နောက် မနှစ်က ဒီဇင်ဘာလမှာ ပြန်လည် ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

ကိုးကား: UPI

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။