Connect with us

Hi, what are you looking for?

သတင်း

ဖျက်အားပြင်းဗုံးအား ကောလင်းခရိုင် PDF တူးဖော်

စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ ကောလင်းမြို့ သဲချောင်းရွာသစ်အား ယနေ့ (ဧပြီ ၁၁ရက်) နံနက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် မပေါက်ကွဲဘဲကျန်နေသည့် ဗုံးတစ်လုံးအား ကောလင်းခရိုင် အမှတ်(၁)တပ်ရင်းမှ ရဲဘော်များက တူးဖော်ခဲ့သည်။ ယမန်နေ့က လေ ကြောင်းတိုက်ခိုက်ခံရ၍ အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သော ကောလင်းမြို့နယ်ကို စစ်ကောင်စီက ထပ်မံ၍ လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - KLPDF

ဧပြီ ၁၁၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ ကောလင်းမြို့ သဲချောင်းရွာသစ်အား ယနေ့ (ဧပြီ ၁၁ရက်) နံနက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် မပေါက်ကွဲဘဲကျန်နေသည့် ဗုံးတစ်လုံးအား ကောလင်းခရိုင် အမှတ်(၁)တပ်ရင်းမှ ရဲဘော်များက တူးဖော်ခဲ့သည်။ ယမန်နေ့က လေ ကြောင်းတိုက်ခိုက်ခံရ၍ အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သော ကောလင်းမြို့နယ်ကို စစ်ကောင်စီက ထပ်မံ၍ လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သဲချောင်းရွာသစ်သည် ကောလင်းမြို့နယ်အရှေ့ခြမ်း ရွှေဘို-မြစ်ကြီးနားလမ်းဘေး၌ရှိပြီးယနေ့ နံနက် ၃နာရီ ၄၀မိနစ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခြင်းဖြစ်သည်။ ကျေးရွာအနီးလယ်ကွင်းအတွင်း ကျရောက်ပြီး တစ်လုံးပေါက်ကွဲကာ တစ်လုံးမှာ မြေကြီးအတွင်း ၁၀ပေခန့်အထိ နစ်မြုပ်သွားခဲ့သည်။ မပေါက်ကွဲဘဲ မြေကြီးအတွင်း နစ်မြုပ်သွားသည့်ဗုံးကို ရဲဘော်များက ရှင်းလင်းခြင်းဖြစ်သည်။ ယနေ့တိုက်ခိုက်မှုတွင် အရပ်သားထိခိုက်မှုမရှိခဲ့ပေ။

မြေပြင်စစ်ရေးလှုပ်ရှားမှုမရှိဘဲ အရပ်သားပြည်သူများအားပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်ခြင်းဟု ကောလင်းခရိုင် အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ယမန်နေ့ မွန်းလွဲပိုင်း ၁နာရီ ၄၀မိနစ်တွင် ကောလင်းမြို့နယ် အင်ပင်လှကျေးရွာ စာသင်ကျောင်းကို ပေါင် ၅၀၀ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ (၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ယမန်နေ့(မေလ ၁၄ရက်) ည ၁၁နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင်ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကယန်း​အမျိုးသား​နေ့​ပြုလုပ်​သည့် ရှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီက ယနေ့(ဧပြီလ ၁၁ရက်)နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီသည် ကောလင်းမြို့နယ်ကို နှစ်ရက်ဆက် လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီက ရှမ်း - ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့နယ် လျှပ်စစ်မန်နေဂျာရုံး(EPC)အားယနေ့(ဖေဖော်ဝါရီ ၁၄ ရက်) ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။