Connect with us

Hi, what are you looking for?

သတင်း

ကယန်း​အမျိုးသား​နေ့​ပြုလုပ်​သည့် ရွာကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ

ကယန်း​အမျိုးသား​နေ့​ပြုလုပ်​သည့် ရှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Khyne Min Naing

ဧပြီ၁၁၊၂၀၁၅။ရဲခေါင်/People’s Spring

ကယန်း​အမျိုးသား​နေ့​ပြုလုပ်​သည့် ရှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ဧပြီ ၁၀ရက်ကပြုလုပ်သည့် (၂၅)နှစ်ပြည့် ကယန်းအမျိုးသားနေ့ ငွေရတုအထိမ်းအမှတ်ပွဲအပြီး ည ၁၂နာရီခန့်တွင် လေကြောင်းတိုက်ခိုက်ခံရခြင်းဟု ဆိုသည်။

“ အိမ်တစ်လုံးပျက်စီးတယ်။ထိခိုက်သူ နှစ်ဦးရှိတယ်။တစ်ဦးက ဒဏ်ရာပြင်းတယ်” ဟု ဖယ်ခုံ​မြို့နယ်ခံ တစ်ဦးက စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်သွားမှုအပေါ် ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“ ကယန်းလူထုသည် ကရင်နီပြည်ဖော်ဆောင်ရေးနဲ့အတူ စစ်အာဏာရှင်ကိုပုန်ကန်လာခဲ့တာ ၊အား ကောင်းတဲ့ လူမျိုးစုတစ်ခုဖြစ်တယ်ဆိုတာ စကစကလည်း သိနေပြီးသား ၊ဒါကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက် အကြပ်ကိုင်တယ် ၊ ခုလည်းတော်သေးလို့ ပွဲပြီးမှ ညအချိန်မှာ ပေါင်၂၀၀ ဗုံးလာကြဲသွားတယ် ၊ အသေအပျောက် မရှိတာကိုတော့ ဘုရားကျေးဇူးတော်ပါပဲ “ ဟု ကယန်းအမျိုးသားတစ်ဦးက ပြောသည်။

စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့် (၂၅)နှစ်ပြည့် ကယန်းအမျိုးသားနေ့ကို စစ်ကောင်စီက ဖျက်ဆီး ရန်ကြိုးပမ်းခြင်းဖြစ်ပြီး ကယန်းအမျိုးသားစည်းလုံးညီညွှတ်မှုအပေါ် ကြောက်ရွံ့နေခြင်းဟု ၎င်းက မှတ်ချက်ပြုသည်။

စစ်ရေးအချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ လက်နက်ကြီး၊လေကြောင်းနှင့် သတ်ဖြတ်မှုများကြောင့် ကယန်းပြည်သူ ၇၀၀ကျော် သေဆုံးခဲ့ရသည်။

ယမန်နေ့က ရှမ်းပြည်‌တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာ၌ပြုလုပ်သည့် (၂၅) ကြိမ်မြောက်ငွေရတု ကယန်းအမျိုးသားနေ့တွင် လူဦးရေ ၁သောင်းနီးပါး ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကယန်းအလံတော်ကို အလေးပြုခြင်း၊၊ ကယန်းအလံလွှင့်ထူခြင်း၊၊ ကယန်းဘုံအကကခြင်း နှင့် ငလျင်ဘေးကြောင့်ထိခိုက်သေဆုံးသူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် တစ်မိနစ်ငြိမ်သက်သည့် အစီအစဉ်တို့ ပါဝင်ခဲ့သည်။

သိကျိတ်ကျေးရွာသည် ကယန်းအမျိုးသားနေ့ကို ပထမဆုံးကျင်းပသည့် ကျေးရွာဖြစ်ပြီး ကယန်းအမျိုး သားကျောက်တိုင် တည်ရှိရာနေရာဖြစ်ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ယမန်နေ့(မေလ ၁၄ရက်) ည ၁၁နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင်ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

(၂၅)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကျင်းပရာ သိကျိတ်ကျေးရွာကို စစ်ကောင်စီက ပေါင် (၂၀၀)ဗုံးကြဲတိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း ကယန်းပြည်သစ်ပါတီဗဟိုကော်မတီက ယနေ့(ဧပြီ ၁၁ရက်)တွင် ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ ကောလင်းမြို့ သဲချောင်းရွာသစ်အား ယနေ့ (ဧပြီ ၁၁ရက်) နံနက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် မပေါက်ကွဲဘဲကျန်နေသည့် ဗုံးတစ်လုံးအား ကောလင်းခရိုင် အမှတ်(၁)တပ်ရင်းမှ ရဲဘော်များက တူးဖော်ခဲ့သည်။ ယမန်နေ့က လေ ကြောင်းတိုက်ခိုက်ခံရ၍ အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သော ကောလင်းမြို့နယ်ကို စစ်ကောင်စီက ထပ်မံ၍ လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီက ယနေ့(ဧပြီလ ၁၁ရက်)နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီသည် ကောလင်းမြို့နယ်ကို နှစ်ရက်ဆက် လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။