Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီက ယနေ့(ဧပြီလ ၁၁ရက်)နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီသည် ကောလင်းမြို့နယ်ကို နှစ်ရက်ဆက် လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကောလင်းမြို့နယ်အရှေ့ခြမ်းရှိ သဲချောင်းရွာသစ်အား ယနေ့(ဧပြီ ၁၁က်) နံနက်က စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - KLPDF

ဧပြီ၁၁၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီက ယနေ့(ဧပြီလ ၁၁ရက်)နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီသည် ကောလင်းမြို့နယ်ကို နှစ်ရက်ဆက် လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကောလင်းမြို့နယ်အရှေ့ခြမ်း ရွှေဘို – မြစ်ကြီးနားလမ်းဘေးရှိ သဲချောင်းရွာသစ်အား
ယနေ့ နံနက်စော ၃နာရီ ၄၀မိနစ်တွင် လေကြောာင်းမှ တိုက်ခိုက်ခြင်းဖြစ်သည်။

မြေပြင်စစ်ရေးလှုပ်ရှားမှုမရှိဘဲ အရပ်သားပြည်သူများအားပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်ခြင်းဟု ကောလင်းခရိုင် အမှတ်(၁)တပ်ရင်း(KLPDF)က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဗုံးသီးနှစ်လုံးချတိုက်ခိုက်ခြင်းဖြစ်ပြီး ကျေးရွာအနီး လယ်ကွင်းအတွင်း တစ်လုံးကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီသည် ဧပြီ ၁၀ရက် မွန်းလွဲပိုင်း ၁နာရီ ၄၀မိနစ်ကလည်း ကောလင်းမြို့နယ် အင်ပင်လှကျေးရွာ စာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ (၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။

အင်း‌တော်မြို့ကို ဆုံးရှုံးပြီး‌နောက် တပ်မမှူးပါအဖမ်းခံထားရသည့် စစ်ကောင်စီတပ်က အင်း‌တော်၊ကောလင်း၊ ဝန်းသိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

အင်းတော်မြို့ကို ဧပြီ ၇ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့ပြီး တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနှင့် စစ်သုံ့ပန်းအများအပြားကို ဖမ်းဆီးထားသည်။

စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက်ခိုက်နေပြီး ဧပြီ ၉ရက်က ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၂၄ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သတင်းရရှိသည်။

ထို့ကြောင့် စစ်ကောင်စီလေကြောင်းအန္တရာယ်ကို ကောလင်း၊ ဝန်းသိုနှင့် အင်းတော်တနယ်လုံး ဂရုစိုက်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ရေးအရအရေးပါတဲ့ သစ်ဖုလတောင်စစ်စခန်းကို တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းရာ စစ်သားရုပ်အလောင်းတွေ အများအပြားတွေ့ရှိတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ယမန်နေ့(မေလ ၁၄ရက်) ည ၁၁နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင်ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီက ယနေ့(ဧပြီ ၁၁ရက်) မွန်းလွဲပိုင်းတွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုအတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ ကောလင်းမြို့ သဲချောင်းရွာသစ်အား ယနေ့ (ဧပြီ ၁၁ရက်) နံနက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် မပေါက်ကွဲဘဲကျန်နေသည့် ဗုံးတစ်လုံးအား ကောလင်းခရိုင် အမှတ်(၁)တပ်ရင်းမှ ရဲဘော်များက တူးဖော်ခဲ့သည်။ ယမန်နေ့က လေ ကြောင်းတိုက်ခိုက်ခံရ၍ အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သော ကောလင်းမြို့နယ်ကို စစ်ကောင်စီက ထပ်မံ၍ လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။