Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ကနေ တင်သွင်းမယ့် ကွန်ပျူတာ၊ ဖုန်းနဲ့ IT ပစ္စည်းတွေကို အမေရိကန် အခွန်ကင်းလွတ်ခွင့်ပြု

တရုတ်နိုင်ငံရဲ့ သွင်းကုန်တွေကို အမေရိကန်က အခွန်ပမာဏ အမြောက်အမြားစည်းကြပ်မယ့်အစီအစဉ်မှာကွန်ပျူတာတွေ၊စမတ်ဖုန်းတွေ၊ Tabletတွေနဲ့ တခြားသော IT နည်းပညာ ပစ္စည်းတွေကိုတော့ ကင်းလွတ်ခွင့်ပေးသွားမယ်လို့သိရပါတယ်။

ဧပြီ-၁၃၊၂၀၂၅ ။ People’s Spring

တရုတ်နိုင်ငံရဲ့ သွင်းကုန်တွေကို အမေရိကန်က အခွန်ပမာဏ အမြောက်အမြားစည်းကြပ်မယ့်အစီအစဉ်မှာကွန်ပျူတာတွေ၊စမတ်ဖုန်းတွေ၊ Tabletတွေနဲ့ တခြားသော IT နည်းပညာ ပစ္စည်းတွေကိုတော့ ကင်းလွတ်ခွင့်ပေးသွားမယ်လို့သိရပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နယ်စပ်လုံခြုံရေး ဌာနက တရုတ်မှာထုတ်လုပ်တဲ့ IT နည်းပညာပစ္စည်းတွေဟာအမေရိကန်က တစ်ကမ္ဘာလုံးရဲ့ကုန်သွယ်ဖက် နိုင်ငံတွေကိုတပြေးညီသတ်မှတ်ထားတဲ့ အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်မယ့် အစီအစဉ်ကနေရော၊ တရုတ်တစ်နိုင်ငံတည်းကိုဦးတည်ထားတဲ့အခွန် ၁၂၅ ရာခိုင်နှုန်းထိတိုးမြှင့်မယ့်အစီအစဉ်ကနေပါ ကင်းလွတ်ခွင့် ရမှာဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်ရဲ့ Appleလို နည်းပညာ လုပ်ငန်းစုကြီးတွေရဲ့ ထုတ်ကုန်တွေကအစ နည်းပညာ ပစ္စည်း အမြောက်အမြားကို တရုတ်မှာ ထုတ်လုပ်နေတာကြောင့်အခွန်တွေတိုးကောက်ရင်စျေးတွေမတန်တဆ မြင့်တက်လာမှာကို အမေရိကန် နည်းပညာ နယ်ပယ်ထဲမှာ စိုးရိမ်မှုတွေ ကြီးထွားနေတဲ့အချိန် အခု ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာတရုတ်သွင်းကုန်တွေအပေါ် ကြောက်ခမန်းလိလိ အခွန်ပမာဏမျိုး သတ်မှတ်ထားတဲ့ နောက်ပိုင်း ကုန်စည် အမျိုးအစား တစ်ခုအပေါ် အမေရိကန်ဖက်က ပထမဆုံးအကြိမ် ကင်းလွတ်ခွင့် ပေးလိုက်တာလည်း ဖြစ်ပါတယ်။ ကုန်သွယ်ရေးဆိုင်ရာ သုတေသီတွေကတော့ ဒါဟာ ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံကြီး နှစ်ခုကြားက ကုန်သွယ်ရေး စစ်ပွဲကြောင့် တစ်ကမ္ဘာလုံး ဂယက်ထမှာ စိုးရိမ်နေကြရတဲ့ အခြေအနေအတွက် စိတ်သက်သာစရာအလှည့်အပြောင်းတစ်ခု ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

ထရမ့်ကတော့ တရုတ်သွင်းကုန်တွေထဲက နောက်ထပ် ဘယ်အမျိုးအစားတွေ ကင်းလွတ်ခွင့် ရဦးမလဲ ဆိုတာကိုဧပြီ ၁၄ ရက်နေ့မှာအသေးစိတ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ ဧပြီ ၁၂ ရက်နေ့တုန်းက မီယာမီကို မထွက်ခွာခင် သမ္မတ စီးတော်လေယာဉ် Air Force Oneနားမှာ ထရမ့်က အဲဒီစာရင်းဟာ အရမ်း အသေးစိတ် ကျမှာဖြစ်ကြောင်း၊ တစ်ဖက်မှာလည်း နိုင်ငံတစ်ခု အနေနဲ့ အမေရိကန်ဟာ ငွေတွေ အများကြီး ပိုရလာမှာဖြစ်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

အခွန်ကင်းလွတ်မှုဟာ ဧပြီ ၅ ရက်နေ့ထိ နောက်ပြန်ဆုတ်ပြီး အကျုံးဝင်မှာ ဖြစ်သလို ကွန်ပျူတာနဲ့ ဖုန်းတွေအပြင် ဆီမီကွန်ဒက်တာတွေ၊ ဆိုလာဘက်ထရီတွေနဲ့မမ်မိုရီကတ်တွေလိုပစ္စည်းတွေထိပါဝင်မှာ ဖြစ်ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ အထင်ကရ နည်းပညာ လုပ်ငန်းစုကြီးတွေဖြစ်တဲ့ Apple၊ Nvidiaနဲ့ Mocrosoftတို့အတွက် အကြီးအကျယ် အသက်ရှူ ချောင်စရာ ဖြစ်လာတယ်လို့လည်း စျေးကွက် လေ့လာသူတွေက သုံးသပ်သွားပါတယ်။

ကိုးကား-BBC

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။