Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ခြေတွေ ရှိနေဆဲလို့ သက်ဆင်ဆို

မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်ကောင်စီနဲ့တော်လှန်ရေး အင်အားစုတွေကြားငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်နိုင်ခြေ မြင့်မြင့်မားမား ရှိနေဆဲလို့ ယုံကြည်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ကဆိုပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင် နဲ့ သူရဲ့အကြံ​ပေးဖြစ်သလိုထိုင်းဝန်ကြီးချုပ်​ဟောင်းသက်ဆင် ။ဓါတ်ပုံ- Anwar Ibrahim/Facebook

ဧပြီ-၁၅၊၂၀၂၅/People’s Spring

မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်ကောင်စီနဲ့တော်လှန်ရေး အင်အားစုတွေကြားငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်နိုင်ခြေ မြင့်မြင့်မားမား ရှိနေဆဲလို့ ယုံကြည်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ကဆိုပါတယ်။

ပြည်တွင်းပဋိပက္ခတွေကိုစေ့စပ်ဆွေးနွေးမှု နည်းလမ်းနဲ့ ဖြေရှင်းဖို့ အခုလဆန်းပိုင်းမှာ သူက အာဏာသိမ်း စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ပြီး မင်းအောင်လှိုင်ကအပြုသဘောဆန်တဲ့ တုံ့ပြန်မှုမျိုး ပြသခဲ့တဲ့အတွက် အခုလို မျှော်လင့်နိုင်တာ ဖြစ်တယ်လို့ သက်ဆင်က ဆိုပါတယ်။

အရှေတောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့အလှည့်ကျ ဥက္ကဋ္ဌအတွက် အကြံပေးအဖွဲ့ဝင်အဖြစ်တာဝန်ယူထားတဲ့ သက်ဆင်က မြန်မာနိုင်ငံမှာ စေ့စပ်ဆွေးနွေးမှုနဲ့ ပြဿနာတွေ ဖြေရှင်းဖို့ ဖြစ်နိုင်ခြေ အခွင့်အလမ်း မြင့်မြင့်မားမား ရှိနေပြီး အဲဒီကိစ္စ အထမြောက်လာအောင် ကြားဝင် စီစဉ်ပေးချင်ကြောင်း၊ မင်းအောင်လှိုင်ဟာ တိုက်တွန်း စကားတွေကို နားထောင်ခဲ့ပြီး နောက်ဆက်တွဲ ဆွေးနွေးမှုတွေ ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က သက်ဆင်ကို အကြံပေးအဖြစ် ခန့်အပ်ထားတာပါ။

ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (ဘင်းစတက်) ထိပ်သီး ညီလာခံ တက်ရောက်ဖို့ ထိုင်းကို ရောက်ရှိခဲ့သူ မင်းအောင်လှိုင်ကို မြန်မာ နိုင်ငံ ငြိမ်းချမ်းရေးအတွက် သူ့ရဲ့ စိတ်အား ထက်ထက်သန်သန် လိုလားမှုကို အသိပေးခဲ့သလို အဲဒီ ရည်မှန်းချက် အထမြောက်ဖို့ဆိုရင် စေ့စပ်ဆွေး

နွေးမှုတွေဟာ ပထမအဆင့် အရေးအပါဆုံး ခြေလှမ်းဖြစ်မယ်လို့ တိုက်တွန်းခဲ့ကြောင်း သက်ဆင်ကဆိုပါတယ်။

ထိုင်းဟာမြန်မာ့အရေးမှာဘယ်ဖက်ကမှမပါဘဲ သက်ဆိုင်ရာအစုအဖွဲ့ အသီးသီးကို ဆွေးနွေးမှုတွေ စတင်ပေးစေနိုင်ဖို့သာ ရည်ရွယ်ကြောင်း လက်ရှိထိုင်းဝန်ကြီးချုပ်ဖေထောင်ထန် ရှီနာဝတ်ထ်ရဲ့ဖခင်လည်းဖြစ်တဲ့ သက်ဆင်ကဆိုပါတယ်။

စစ်​ကောင်စီရဲ့​ရွေး​ကောက်ပွဲနဲ့ပတ်သက်ပြီး​တော့ ဆွေး​နွေးတာမရှိခဲ့ဘူးလို့သူကဆိုပါတယ်။​ စစ်တပ်နဲ့ ​လက်နက်ကိုင်အဖွဲ့​တွေ​ဆွေး​နွေးတာ ၊ နိုင်ငံ​ရေးအကျဥ်းသား​တွေလွှတ်​ပေးတာ​တွေကို ရွေး​ကောက်ပွဲမတိုင် လုပ်ရမှာဖြစ်ပြီး ဒါ​တွေမရှိပဲနဲ့ ​ရွေး​ကောက်ပွဲဖြစ်လာမယ်လို့ သူမယုံကြည်ဘူးလို့လည်း​ပြောပါတယ် ။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။