Connect with us

Hi, what are you looking for?

News

မင်္ဂလာဒုံမြို့နယ်ထွေအုပ်ရုံးနား ပစ်ခတ်မှုဖြစ်

အဆိုပါပစ်ခတ်မှုကြောင့် ရုံးထဲရှိ သန့်ရှင်းရေးအကူအမျိုးသမီး တစ်ဦး နှင့်အစောင့် စစ်သား ၂ ဦး ထိခိုက်ခဲ့ပြီး အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

People's Spring
People's Spring

မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး (၃၃) နှစ်မြောက်နှစ်ပတ်လည်ပွဲကျင်းပစဉ် စက်သေနတ်ဖြင့်အတွဲလိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သုံးဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း မင်္ဂလာဒုံ အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၇ ရက်နေ့လည် ၁၂ နာရီခွဲ အချိန်ခန့်တွင် ထွေအုပ်ရုံး နှင့် Terminal ဆီဆိုင်အကြားစောင့်နေသော စစ်သားများကို တက္ကစီယာဥ်ပေါ်မှ ပစ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါပစ်ခတ်မှုကြောင့် ရုံးထဲရှိ သန့်ရှင်းရေးအကူအမျိုးသမီး တစ်ဦး နှင့်အစောင့် စစ်သား ၂ ဦး ထိခိုက်ခဲ့ပြီး အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ထို့ပြင် နေ့လည် ၁ နာရီခွဲအချိန်ခန့်တွင်လည်း တပ်ရင်း ၉ နှင့် လန်ဒန် စက်ရုံ အကြား၌ ပစ်ခတ်ပေါက်ကွဲမှု များ ဖြစ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

တပ်ရင်း ၉ မှ တပ်ရင်းမှုးသည် “လုပ်ချင်ရင် တပ်ရင်းကို လာလုပ်လှည့် ” ဟုစိန်ခေါ်ထားဖူးသူဟု သိရသည်။
ယင်းဖြစ်စဥ်များကြောင့် နွယ်ခွေ ၊ ထောက်ကြန့် စသည့်နေရာများ၌ လမ်းပိတ်ဆို့ရှာဖွေမှူများပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

“ကားတေတားပီး လူတေကို လမ်းဘေးမှာ ဝမ်းလျားမှောက်ခိုင်းထားတာ” ဟု ခရီးသွားတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook