Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်္ဂလာဒုံမြို့နယ်ထွေအုပ်ရုံးနား ပစ်ခတ်မှုဖြစ်

အဆိုပါပစ်ခတ်မှုကြောင့် ရုံးထဲရှိ သန့်ရှင်းရေးအကူအမျိုးသမီး တစ်ဦး နှင့်အစောင့် စစ်သား ၂ ဦး ထိခိုက်ခဲ့ပြီး အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

People's Spring
People's Spring

မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး (၃၃) နှစ်မြောက်နှစ်ပတ်လည်ပွဲကျင်းပစဉ် စက်သေနတ်ဖြင့်အတွဲလိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သုံးဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း မင်္ဂလာဒုံ အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၇ ရက်နေ့လည် ၁၂ နာရီခွဲ အချိန်ခန့်တွင် ထွေအုပ်ရုံး နှင့် Terminal ဆီဆိုင်အကြားစောင့်နေသော စစ်သားများကို တက္ကစီယာဥ်ပေါ်မှ ပစ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါပစ်ခတ်မှုကြောင့် ရုံးထဲရှိ သန့်ရှင်းရေးအကူအမျိုးသမီး တစ်ဦး နှင့်အစောင့် စစ်သား ၂ ဦး ထိခိုက်ခဲ့ပြီး အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ထို့ပြင် နေ့လည် ၁ နာရီခွဲအချိန်ခန့်တွင်လည်း တပ်ရင်း ၉ နှင့် လန်ဒန် စက်ရုံ အကြား၌ ပစ်ခတ်ပေါက်ကွဲမှု များ ဖြစ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

တပ်ရင်း ၉ မှ တပ်ရင်းမှုးသည် “လုပ်ချင်ရင် တပ်ရင်းကို လာလုပ်လှည့် ” ဟုစိန်ခေါ်ထားဖူးသူဟု သိရသည်။
ယင်းဖြစ်စဥ်များကြောင့် နွယ်ခွေ ၊ ထောက်ကြန့် စသည့်နေရာများ၌ လမ်းပိတ်ဆို့ရှာဖွေမှူများပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

“ကားတေတားပီး လူတေကို လမ်းဘေးမှာ ဝမ်းလျားမှောက်ခိုင်းထားတာ” ဟု ခရီးသွားတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက် လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်ဟု ထပ် လောင်း အသိပေးထားသည်။

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။