Connect with us

Hi, what are you looking for?

သတင်း

စစ်သား​တွေကပစ်ခတ်လို့ ဧရာဝတီမြစ်အတွင်း​မော်​တော်ပေါ်မှ ပြည်သူ ၁ ဦး​သေ၊ ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရှိမ်းမကားရဲစခန်းက စစ်သား​တွေက ဧရာဝတီမြစ်အတွင်းသွားနေတဲ့ သံခွန်တစ်စီးကို ဆက်​ကြေး​တောင်းဖို့ သေနတ်နဲ့ပစ်ခတ်ပြီး ခြိမ်း​ခြောက်ခေါ်တာမှာ သံခွန်ဘေးက မောင်းလာတဲ့ မော်တော်ကိုထိမှန်ပြီး ​မော်​တော်​ပေါ်အမျိုးသားတဦးသေဆုံးကာ တဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက​ပြောပါတယ်။

စစ်တပ်က ​သေနတ်နဲ့ပစ်လို့ ကျည်ထိမှန်​သေဆုံးခဲ့တဲ့ အသက် ၃၁ နှစ်အရွယ်ကိုသန်းမြတ်စိုးနဲ့ ဒဏ်ရာရခဲ့တဲ့အသက် ၂၇ နှစ်အရွယ်ကိုဇင်ဝေဖြိုးတို့ကို အခြားပြည်သူများကကူညီ​ပေး​နေစဥ်။ ဓါတ်ပုံ-​ပေးပို့

ဧပြီ-၁၉၊၂၀၂၅။ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရှိမ်းမကားရဲစခန်းက စစ်သား​တွေက ဧရာဝတီမြစ်အတွင်းသွားနေတဲ့ သံခွန်တစ်စီးကို ဆက်​ကြေး​တောင်းဖို့ သေနတ်နဲ့ပစ်ခတ်ပြီး ခြိမ်း​ခြောက်ခေါ်တာမှာ သံခွန်ဘေးက မောင်းလာတဲ့ မော်တော်ကိုထိမှန်ပြီး ​မော်​တော်​ပေါ်အမျိုးသားတဦးသေဆုံးကာ တဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက​ပြောပါတယ်။

ဧပြီလ၁၈ရက်‌​နေ့ ည​နေ ၃နာရီကျော်မှာ ဝက်လက်မြို့နယ်၊ရှိမ်းမကားရွာထဲကစစ်သားတွေဟာ ရွာရဲ့အရှေ့ဘက်က ဧရာဝတီမြစ် ကြောင်းအတွင်း သွားလာ နေတဲ့ သံခွန်တစီးကို ဆက်​ကြေး​တောင်းဖို့သေနတ်ပစ် ခေါ်ခဲ့တာဖြစ်ပါတယ်။

သံခွန်ဘေးကပ်ပါလာတဲ့ မတ္တရာမြို့နယ် ရှင်လှကျေးရွာက ကိုသန်းမြတ်စိုး နဲ့ ကိုဇင် ဝေဖြိုးတို့စီးနင်းလာတဲ့ မော်တော်ကိုမှန်ပြီး အသက် ၃၁ နှစ်အရွယ်ကိုသန်းမြတ်စိုး သေဆုံးခဲ့ပြီး အသက် ၂၇ နှစ်အရွယ်ရှိတဲ့ ကိုဇင်ဝေဖြိုး ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကိုသန်းမြတ်စိုးဟာ ဘယ်ဘက်ရင်အုံနား နဲ့​ပေါင်မှာကျည်ထိမှန်ခဲ့ပြီး​တော့ ကိုဇင်​ဝေဖြိုးက ​ခြေ​ထောင်မှာ ကျည်ထိမှန်ဒဏ်ရာရခဲ့တာကို People’s Spring ရရှိတဲ့ဓါတ်ပုံမှတ်တမ်းမှာ​တွေ့ရပါတယ် ။သူတို့ ၂ ဦးစလုံးဟာ အရပ်သား​တွေဖြစ်ကြပါတယ် ။

ရှိမ်းမကားရွာရဲစခန်းနဲ့ ရွာမှာတပ်စွဲထားတဲ့ စစ်

သား​တွေဟာအရှေ့ဘက်က ဧရာဝတီမြစ် ကြောင်းအတွင်းသွားလာနေတဲ့ သင်္ဘောတွေကို သေနတ်ပစ်ဖောက်ခေါ်ပြီး ဆက်ကြေးတောင်းယူ လေ့ရှိတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။