Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲများပြင်းထန်နေ၍ စစ်တပ်၏ပစ်မှတ်ထား တိုက်ခိုက်မခံရရေး ပြည်သူများသတိပြုရန်KNU ပန်ကြား

မီဒီယာ နှင့် တက်ကြွလှုပ်ရှားသူများသတင်း​ဖော်ပြရာတွင်လူထုတိမ်းရှောင်​နေ​သော​နေရာများမ​ဖော်ပြရန် ပန်ကြား

စစ်​ကောင်စီက၏ တိုက်ခိုက်မှု​ကြောင့် ​​ကော့ကရိတ် နှင့် ကျုံဒိုး​ဒေသတွင်ဘုန်ကြီး​ကျောင်းအပါအဝင် လူ​နေအိမ်အ​ဆောက်အအုံများပျက်စီး​နေစဥ်။ ဓါတ်ပုံ-CJ

ဧပြီ-၁၉၊၂၀၂၅။ဟန်နွေ/People’s Spring

ကရင်ပြည်နယ်နေရာအနှံ့တွင်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ မွန်းလွဲပိုင်း၌ ထုတ်ပြန်ခဲ့ပြီးလေကြောင်းရန်အပါအဝင်စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်မှုမခံရရေး သတိပြု နေထိုင်ကြရန်ပန်ကြားသည်။

လက်ရှိတွင် ကရင်ဒေသ၌ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်များအနေဖြင့် အရပ်သားပြည်သူလူထုများအားပစ်မှတ်ထားပြီး စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများ နှင့် စစ်ရှောင် ပြည်သူလူထုများ နေထိုင်ရာ နေရာ ဒေသများအတွင်းသို လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေယာဉ်များတို့ဖြင့်ဗုံးကြဲ လျက်ရှိဟု ဖော်ပြသည်။

သတင်းမီဒီယာများ ၊ဒေသတွင်းတက်ကြွလုပ်ရှားသူများအနေဖြင့် သတင်းရယူ တင်ဆက်ရာတွင် ပြည်သူ လူထုများ ပုန်းရှောင် နေထိုင်သော နေရာများအား အာဏာသိမ်းစစ်ကောင်စီတပ်မှအလွယ် တကူရှာဖွေပြီး လေကြောင်းတိုက်ခိုက်မှုများ လက်နက်ကြီးတိုက်ခိုက်မှုများ မပြုလုပ်နိုင်ရန်အတွက် သတိထား တင်ဆက်ပေးရန် ပန်ကြားထားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် မိဘပြည်သူလူထုများအနေဖြင့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်သော အဆောက်အဦးများ အဝေးတွင် နေထိုင်ရန်လည်း​ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသများ အတွင်းသို အရေးပေါ် အကြောင်းကိစ္စမရှိဘဲ သွားလာခြင်းမပြုရန်လည်း KNUကအသိ​ပေးသည်။

KNU နှင့် စစ်ကောင်စီတို့သည် ယခုရက်ပိုင်းအတွင်း ကျုံဒိုး၊ ကော့ကရိတ် ၊ဖားပွန် ၊ တနသာ်ရီတိုင်းစသည်တို့၌ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ ပြည်သူ သေဆုံးထိခိုက်မှုများရှိ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook