Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ကို လိုက်လျောပြီး တရုတ်နစ်နာအောင် မလုပ်ကြဖို့ ကုန်သွယ်ဖက်တွေကို တရုတ်သတိပေး

အမေရိကန်နဲ့ ပေါင်းပြီး တရုတ်ကို ထိခိုက် နစ်နာစေတာမျိုး လုံးဝ မလုပ်ဖို့ တရုတ် အစိုးရက ကုန်သွယ်ဖက် နိုင်ငံတွေကို ရည်ရွယ် သတိပေးလိုက်ပါတယ်။

အမေရိကန်နဲ့ ပေါင်းပြီး တရုတ်ကို ထိခိုက် နစ်နာစေတာမျိုး လုံးဝ မလုပ်ဖို့ တရုတ် အစိုးရက ကုန်သွယ်ဖက် နိုင်ငံတွေကို ရည်ရွယ် သတိပေးလိုက်ပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာကတည်းက တရုတ်နဲ့ ကုန်သွယ်ရေး စစ်ပွဲကို အရှိန်မြှင့်ပြီး တရုတ် ကုန်စည်တွေအပေါ် အခွန်ပမာဏ အများအပြားတိုးပြီး ကောက်ခံနေပါတယ်။ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုတွေ မြှင့်တင်တာဟာ တရုတ် တစ်နိုင်ငံတည်းကို ပစ်မှတ်ထားတာ မဟုတ်ဘဲ တခြား အမေရိကန်ရဲ့ ပြိုင်ဘက်တွေရော၊ မိတ်ဆွေ နိုင်ငံတွေကိုပါ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီအတွက် အမေရိကန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံတွေဟာ ထရမ့်ရဲ့ အစိုးရနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေပြီး နိုင်ငံပေါင်း ၇၀ ကျော်လောက်က အမေရိကန်နဲ့ စကားပြောဖို့ တန်းစီ စောင့်နေတယ်လို့ ထရမ့်က ကြွေးကြော်ထားပါတယ်။

ထရမ့်ဟာ ကုန်သွယ်ဖက် နိုင်ငံတွေနဲ့ ဆွေးနွေးချိန်မှာ ချော့တစ်ချီ၊ ခြောက်တစ်လှည့်နဲ့ နည်းအမျိုးမျိုးသုံးပြီး တရုတ်နဲ့ ကုန်သွယ်မှုကို လျှော့ချဖို့ ဖိအားပေးတာ၊ အကျပ်ကိုင်တာတွေ ရှိလာနိုင်ကြောင်း စျေးကွက် လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ဖြစ်နိုင်ခြေ အလားအလာကို တရုတ်ကလည်း စိုးရိမ်နေပြီး ဧပြီ ၂၁ ရက်နေ့မှာတော့ တရုတ် စီးပွားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက နိုင်ငံအသီးသီး အနေနဲ့ အမေရိကန်ကို လိုက်လျောပြီး တရုတ်ကို ကုန်သွယ်ရေးအရ ထိခိုက်စေမယ့် လမ်းကြောင်းမျိုးတွေ မရွေးကြဖို့ သတိပေးသွားခဲ့ပါတယ်။

နိုင်ငံတစ်ခုခုကို ချော့ပြီး ပေါင်းနေရတာက တကယ်တမ်း စိတ်အေးစရာ မဟုတ်သလို အပေးအယူတွေ လုပ်နေရတာကလည်း စစ်မှန်တဲ့ လေးစားမှုကို ရရှိစေမှာ မဟုတ်ဘူးလို့ အဲဒီ အရာရှိက ပြောပါတယ်။ နိုင်ငံတစ်ခုစီက ကိုယ်တိုင် ခဏတာ သက်သာ ကင်းလွတ်ခွင့်အတွက် တခြားနိုင်ငံတွေ ပိုအထိနာစေမယ့် ညှိနှိုင်းမှုတွေကို လက်ခံတာမျိုး မရှိဖို့ လိုကြောင်း၊ အဆုံးမှာတော့ အဲဒီ ကိစ္စမျိုးဟာ သူတစ်ပါးရော၊ ကိုယ်တိုင်အတွက်ပါ နစ်နာစေနိုင်ကြောင်း တရုတ်က ဆိုပါတယ်။

တရုတ် အနေနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမယ့် သဘောတူညီမှု မှန်သမျှကို ထိထိရောက်ရောက် ဆန့်ကျင်မှာ ဖြစ်ကြောင်း၊ အဲဒီလို အခြေအနေမျိုး တကယ်တမ်း ကြုံလာရင် တရုတ်က လက်မခံဘဲ အသင့်တော်ဆုံး ဖြစ်နိုင်ခြေတွေနဲ့ လက်တုံ့ပြန်ဖို့ ဆုံးဖြတ်ထားကြောင်းလည်း အဲဒီ အရာရှိက ဆက်ပြီး ပြောကြားသွားပါတယ်။

ဒီအတောအတွင်း တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ အရှေ့တောင်အာရှ နိုင်ငံတချို့ဆီ ခရီးလှည့်လည်ခဲ့ပြီး အမေရိကန် အစိုးရရဲ့ ကုန်သွယ်ရေးဆိုင်ရာ ဖိအားပေးမှုတွေကို လိုက်လျော အလျှော့ပေးတာမျိုး မလုပ်ဖို့ စည်းရုံးရေး ဆင်းနေခဲ့ပါတယ်။

ကုန်သွယ်ရေးအရ တရုတ်ကို အကြီးအကျယ် ရန်လို ဖိအားပေးနေတဲ့ ထရမ့်ရဲ့ မူဝါဒတွေကြောင့် လက်ရှိ အချိန်မှာတော့ ကမ္ဘာ့နိုင်ငံ အများအပြားဟာ တရုတ်နဲ့ အမေရိကန်တို့ကြားမှာ ဘေးကျပ်နံကျပ်ဖြစ်မယ့် အနေအထားမျိုးဆီ ဖိအားပေး တွန်းပို့တာ ခံလာရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။