Connect with us

Hi, what are you looking for?

သတင်း

မိုင်းငေါ့မြို့နယ်ခွဲကို စစ်ကောင်စီ ဗုံးကြဲ

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီက ယမန်နေ့(မေလ ၅ရက်)ညပိုင်းတွင် မိုင်းငေါ့မြို့နယ်ခွဲကိုပါ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဥ်။ ဓာတ်ပုံ - TNLA

မေ ၆၊ ၂၀၂၅။ ကဖေး/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီက ယမန်နေ့(မေလ ၅ရက်)ညပိုင်းတွင် မိုင်းငေါ့မြို့နယ်ခွဲကိုပါ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်ဟာ မေလ ၅ရက် နံနက် ၁၁နာရီခန့်မှ ၁၅မိနစ်အတွင်း ကျောက်မဲမြို့ကို လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ည ၉နာရီခွဲခန့်တွင် မိုင်းငေါ့မြို့နယ်ခွဲကို ထပ်မံဗုံးကြဲခြင်းဖြစ်သည်။

“ကျောက်မဲကို လေကြောင်းကနေ ဗုံးမကြဲခင် တစ်မနက်လုံးလေယာဉ်တွေပျံနေတာ။ ပစ်တော့မယ်လို့ သိလို့ ပုံးကျင်းထဲဝင်နေရတာ။ ညကျတော့ မိုင်းငေါ့ကိုပါ ထပ်ကြဲတာ။ ရှေ့လျှောက်ပြီး တော်တော်လေးကိုသတိထားနေကြရမှာ” ဟု ကျောက်မဲမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းငေါ့မြို့နယ်ခွဲသည် ကျောက်မဲမြို့နယ်၌ ပါဝင်သည်။ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းကာလ ၂၀၂၄ ဒီဇင်ဘာလတွင် TNLAက သိမ်းယူထားခြင်းဖြစ်သည်။

ယမန်နေ့ညက လေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်မှုရှိမရှိမသိရသေးပေ။

မိုးကုတ်မြို့အပါအဝင် TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့များမှ ထွက်ခွာပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အထိ ပြန်ဆုတ်ခွာရန် စစ်ကောင်စီက တောင်းဆိုထားသည်။ တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် ဧပြီ ၂၈နှင့် ၂၉ရက်တွင် တရုတ်ပြည်၊ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့စဥ် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး လက်ခံမည်မဟုတ်ကြောင်း TNLAက မေလ ၅ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့၊ နောင်ချ်ိုမြိုတို့ကိုလည်း ယမန်နေ့ကအထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ကူမင်းဆွေးနွေးပွဲတွင် စစ်ကောင်စီအနေဖြင့် လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့ တဆင့်တိုးအပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ရန်အတွက် TNLA က တောင်းဆိုခဲ့သည်။

ယင်းဆွေးနွေးပွဲကို တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြုအလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ အလျင်အမြန်တိုးတက်လာစေရန် ဆွေးနွေးခဲ့ကြကြောင်း TNLAက ထုတ်ပြန်ခဲ့သည်။

သို့သော် ဆွေးနွေးပွဲတွင် စစ်ကောင်စီ၏ တောင်းဆိုချက်များကို TNLA က မလိုက်လျောခဲ့သလို စစ်ကောင်စီကလည်း TNLA ထိန်းချုပ်ဒေသများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်နေ၍ ဒေသခံပြည်သူများ လေကြောင်းရန် သတိပြုကြရန် TNLAက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook