Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက အပစ်ရပ်သက်တမ်းတိုးထားသော်လည်း နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေ၍ ပြည်သူများ စစ်ရေးသတိရှိရန် TNLA သတိပေး

စစ်ကောင်စီက အပစ်ရပ်မည်ဟုသက်တမ်း တစ်လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသောကြောင့် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရေး ပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ မေလ ၁၁ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက မေလ ၁၀ရက်တွင် နောင်ချိုမြို့နယ်အား လေကြောင်းတိုက်ခိုက်၍ ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

မေ ၁၁၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီက အပစ်ရပ်မည်ဟုသက်တမ်း တစ်လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသောကြောင့် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရေး ပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း တအာင်းတပ်မတော်(TNLA) က ယနေ့ မေလ ၁၁ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ နောင်ချိုမြိုနယ်တွင် လေကြောင်း၊ ဒရုန်း ၊လက်နက်ကြီးဖြင့် ဆက်လက်တိုက်ခိုက်နေမှု အခြေအနေများကို အသိပေးစဉ် အထက်ပါအတိုင်း ပြည်သူများကို ထပ်လောင်း သတိပေးခဲ့ခြင်းလည်းဖြစ်သည်။

ယခင်ရက်များကတည်းက နောင်ချိုမြို့နယ်ကို စစ်ကောင်စီက မြေပြင်ထိုးစစ်ဆင်ခြင်း၊ လေကြောင်း၊ ဒရုန်း ၊ လက်နက်ကြီး တိုက်ခိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေခဲ့ရာ မေလ ၁၀ရက်တွင်လည်း တိုက်ခိုက်မှုများ ဆက်လုပ်နေကြောင်း TNLAက အသိပေးသည်။

Public Service Announcement

Public Service Announcement

မေလ ၁၀ရက် နံနက် ၇နာရီခန့်တွင် PSLF/TNLA ရှိရာ သရက်ချိုရွာအနီးတဝိုက်တွင် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ဟု ဖော်ပြသည်။

ထို့ပြင် ညနေပိုင်းတွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တပ်တို ယာပြင်ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ခဲ့ဟု အသိပေးသည်။

ညနေပိုင်း၌ပင် စစ်ကောင်စီက နောင်ချိုမြို ဘူတာရပ်ကွက်၊ ဆမ္မဆယ်ရွာနှင့် အုမ္မတီးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် နေအိမ် သုံးလုံးနှင့် ကား တစ်စီး ဗုံးစထိမှန် ပျက်စီးခဲ့သည်ဟု ဆိုသည်။

လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုအပြင် အုမ္မသီးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံး ၉လုံး ကြဲချတိုက်ခိုက်ခဲံရာ အဆိပ်ငွေ့ဗုံး ၃လုံး ပါဝင်ကြောင်း TNLAက ထုတ်ပြန်သည်။ PSLF/TNLA တည်ရှိရာ နောင်ချိုမြိုနယ် (၇)မိုင်နှင့် မတ်မန်းတောရွာကိုလည်း စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး (၁၈)လုံး၊ လက်နက်ကြီးဖြင့် (၁၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် မိုးကုတ်မြိုနယ်နှင့် ဆက်စပ်သည့် သပိတ်ကျင်းမြိုနယ်တွင်လည်း (၇)မိုင်တွင် မေလ(၁၀)ရက် ညနေပိုင်းက ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

TNLA နှင့်ကိုးကန့်တပ်(MNDAA)၊ ရက္ခိုင်တပ်(AA) ညီနောင်မဟာမိတ် (၃)ဖွဲမှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား မေလကုန်ပိုင်းအထိ ကြေညာထားသကဲ့သို့ စစ်ကောင်စီက အပစ်ရပ်ကြေညာထားသည့် အခြေအနေတွင် မြေပြင်ထိုးစစ်ဆင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများ စစ်ကောင်စီက ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

စစ်အာဏာရှင်များ ရှိနေသရွေ့ ပြည်သူများအနေဖြင့် စစ်ဘေးဒဏ်ကို မျိုးဆက်အလိုက် ရင်ဆိုင်နေကြရမည်ဖြစ်၍ စစ်အာဏာရှင် ချုပ်ငြိမ်းရေး တိုက်ပွဲများ ဆက်လက်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက မေလ ၄ရက် TNLA၏ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပြီး တဖက်သတ် အပစ်ရပ်စဲရေး ပြီးပါက စစ်အာဏာရှင်ချုပ်ငြိမ်းရေး အတွက် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။