Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်ဒေသကို စစ်ကောင်စီက ဗုံးအလုံးရေ ၁၇၀ခန့် ကြဲတိုက်ခိုက်၍ ဒေသခံထောင်ချီ တိမ်းရှောင်ရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တို့ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ၁,၇၀၀ကျော်မှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက် ပျက်စီးရမှုများနှင့် ဒေသခံစစ်ရှောင်များ။ ဓာတ်ပုံ - KNU

မေ ၁၄၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တို့ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ၁,၇၀၀ကျော်မှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

မေလ ၈ရက် နံနက် ၈နာရီမှ ညနေ ၄နာရီအတွင်း ‌‌ရွှေကျင်မြို့နယ်၊ ညောင်ခြေတောက်၊ ဇလုတ်ကြီး၊ ညောင်သာယာ၊ ဝင်းကံ၊ လေးလမ်းဆုံနေရာများအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး အလုံးရေ ၃၀၊ Y12ဖြင့် ဗုံးသီး အလုံးရေ ၁၄၀ ခန့် ကြဲချခဲ့ကြောင်း KNU ဗဟိုက မေလ ၁၃ရက်တွင် အသိပေးသည်။

ထိုသို့ လေကြောင်း တိုက်ခိုက်ခဲ့၍ ပြည်သူ ၂ဦး ဒဏ်ရာရရှိကာ နေအိမ်ငါးလုံးနှင့် စာသင်ကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သည် မေလ ၁၀ရက်နှင့် ၁၁ရက်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လုပ်ခဲ့သည်ဟု ဆိုသည်။ ရွှေကျင်မြို့နယ် သိုက်တူးကုန်းရွာနှင့် ၀ိုင်းကျွန်ကျေးရွာကို စစ်ကောင်စီက မေလ ၁၁ရက်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း အသိပေးသည်။

ထိုသို့ဗုံးကြဲခဲ့၍ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ မေလ ၁၀ရက်ကလည်း ကွင်းဆိပ်ကျေးရွာကို ဒရုန်းဖြင့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

စစ်ကောင်စီလေတပ်မှ လေယာဥ်ဖြင့် အရပ်သား ပြည်သူလူထုများအား ပစ်မှတ်ထား တိုက်ခိုက်လျှက်ရှိသောကြောင့် ရွှေကျင်ဒေသရှိ ဒုံစရစ်၊ ရှမ်းစု၊ ခလယ်ကော်လာ၊ ဝေါ်ကေ၊ ခလယ်လော်စယ်၊ စံတွင်းကုန်း၊ ကွင်းဆိပ်၊ သရက်ချောင်း၊ ကွီးစယ်လော်၊ ဇလုတ်ကြီးစသည့်ကျေးရွာမှ အိမ်ထောင်စု ၃၈၀ ကျော်မှ ဒေသခံပြည်သူ ၁,၇၀၀ကျော်မှာ စိုးရိမ်ကြောက်ရွံပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ရာကျေးရွာများသည် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ကျေးရွာများဖြစ်သည်ဟုလည်း အသိပေးသည်။

ညောင်ခြေထောက်အခြေစိုက် ခမရ(၅၉၈)တပ်ရင်းကို မေလ ၈ရက်တွင် KNLA ၊PDFပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီကလည်း ခမရ(၅၉၈)တပ်ရင်း ဌာနချုပ်၊ ကွမ်းဆိပ်တပ်စခန်း ၊ ကွမ်းဆိပ်ရဲစခန်း တို့အား ပြန်ထိန်းချုပ်နိုင်ရေး လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနှင့် မြေပြင်မှ စစ်ကြောင်းထိုးလျက်ရှိသည်ဟု ခမရ(၅၉၈)တပ်ရင်းစခန်းသိမ်းတိုက်ပွဲပါဝင်သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)က အသိပေးထားသည်။

ကွမ်းဆိပ်၊ ကျိုက်ဒေးသုတ်၊ ညောင်ခြေတောက်၊ ရှမ်းစုကျေးရွာနှင့် ပတ်ဝန်းကျင်နယ်မြေများကို KNLA၊ PDF ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေကြောင်းလည်း SOFက အသိပေးပြီး စစ်ကောင်စီ စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook