Connect with us

Hi, what are you looking for?

သတင်း

ကျောက်ပန်းတောင်းမြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု မီးနေသည်အပါအဝင် လေးဦး သေဆုံး

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်ရှိ လေးပင်တောင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ မီးနေသည် အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ် လေးပင်တောင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ ၁၆၊၂၀၂၅။ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်ရှိ လေးပင်တောင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ မီးနေသည် အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

လေးပင်တောင်ကျေးရွာကို မေလ ၁၄ရက် နံနက် ၉နာရီ ၁၅မိနစ်နှင့် နေ့လယ် ၂နာရီ ၁၇မိနစ်ခန့်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ဗုံး လေးလုံးကြဲခဲ့ခြင်းဟု ဆိုသည်။

” ချောင်းထဲကို နှစ်လုံးကျတယ်။နေအိမ်တွေပေါ်ကျတာက သေဆုံးတာတွေ ဖြစ်သွားတယ်။စုစုပေါင်းလေးဦး အမျိုးသမီးသုံးဦးနဲ့ရအမျိုးသားတစ်ဦးပါ။အိမ်က လေးငါးအိမ် လောက်ပျက်သွားတယ်”ဟု ကျောက်ပန်းတောင်းမြို့ခံသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လေးပင်တောင်ရွာဖြစ်စဥ်သည် မည်သည့်တိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့ဗုံးကြဲခံရခြင်းဖြစ်ကာ ပြည်သူများ သေဆုံးခဲ့ရကြောင်း ပုပ္ပါးပြောက်ကျားတပ်(PPGF)တာဝန်ခံ ကိုဗျတ္တက ပြောသည်။

သေဆုံးသူများသည် မီးနေသည် မဝင်းသူဇာနှင့် ၎င်း​၏ ခင်ပွန်းဖြစ်သူ ကိုဝင်းထွေး၊ ဒေါ်မြင့် မြင့်ဝေနှင့် ဒေါ်ဝင်းကြည်တို့ဖြစ်သည်။ သို့သော် မွေးကင်းစကလေးဖြစ်သူမှာ ကြီးမားသည့်ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။

ဧပြီ ၂၆ရက်က ကျောက်ပန်းတောင်းမြို့နယ်သို့စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ် စစ်ကြောင်းအား တော်လှန်ရေးတပ်များက ထောက်ရှာကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးသူများနှင့် ဖမ်းဆီးရခံရသူ နှစ်ဦးရှိကာ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းကျေးရွာတွေက စစ်ရှောင်တွေ အကူအညီလိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

သတင်း

မြောက်ဦးမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ နေအိမ်တွေမီးလောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့သတင်းရရှိပါတယ်။