Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ မဂ္ဂနီကျု ၆.၇ ငလျင်လှုပ်

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

ဓာတ်ပုံ - AP

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

ဇွန်လ ၁၆ ရက်နေ့တုန်းက ဆူလာဝေဆီ ပြည်နယ်မှာ ငလျင်လှုပ်ခဲ့ပြီး တစ်မိနစ် ဝန်းကျင်လောက် ကြာအောင် ယိမ်းထိုးလှုပ်ခတ်တာတွေကို ကြုံခဲ့ရပါတယ်။ အဲဒီနောက် နာရီပိုင်းအတွင်း နောက်ဆက်တွဲ ငလျင်ငယ်တွေ ထပ်လှုပ်နေခဲ့ပြီး အပြင်းဆုံးတစ်ခုဟာ မဂ္ဂနီကျု ၅.၂ အဆင့်ထိ ရှိခဲ့ပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု၊ ဒဏ်ရာရမှု သတင်းတွေကို တိတိကျကျ မသိရသေးပေမယ့် ပြည်နယ်မြို့တော် ပါလူမှာ အပျက်အစီးတချို့ ဖြစ်ပေါ်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

လူဦးရေ ၄ သိန်းလောက် နေထိုင်ရာ ပါလူမှာ ငလျင် လှုပ်ခတ်နေချိန်အတွင်း လူတွေက အိမ်အပြင်ဖက် ကြောက်လန့်တကြား ပြေးထွက်ခဲ့သလို ဆေးရုံတွေမှာလည်း လူနာတွေကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီကတော့ အခုငလျင်ဟာ ပါလူရဲ့ အရှေ့တောင်ဖက် ၄၆ ကီလိုမီတာလောက် အကွာ တောင်ထူးတဲ့ ဒေသတစ်ခုကို ဗဟိုပြုခဲ့ကြောင်း ပြောပါတယ်။ ငလျင်ဟာ မြေအနက် ၁၀ ကီလိုမီတာလောက်ကို ဦးတည်ခဲ့ပြီး မြေတိမ်ငလျင် အမျိုးအစား ဖြစ်လို့လည်း မြေမျက်နှာပြင်ပေါ်မှာ ပိုပြီး ထင်ရှားသိသာတဲ့ သက်ရောက်မှုမျိုး ခံစားခဲ့ရပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာတော့ ပါလူမြို့က ဆေးရုံတစ်ခုရဲ့ အပြင်ဖက်မှာ ဒရစ်ချိတ်ထားတဲ့ လူနာတွေဟာ ပိုက်တန်းလန်းနဲ့ ထွက်ထိုင်နေကြတာကို တွေ့ခဲ့ရပါတယ်။

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိတဲ့ ကျွန်းစုနိုင်ငံ ဖြစ်တာကြောင့် ငလျင်လှုပ်တာတွေ၊ မီးတောင်ပေါက်ကွဲတာတွေနဲ့ မကြာခဏ ကြုံရလေ့ ရှိပါတယ်။

၂၀၂၁ နှစ်ဆန်းပိုင်းတုန်းက ဆူလာဝေဆီနားမှာရှိတဲ့ မာမူဂျူကျွန်းကို ဗဟိုပြုပြီး မဂ္ဂနီကျု ၆.၂ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာက လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။

၂၀၁၈ မှာဆိုရင် မဂ္ဂနီကျု ၇.၅ အဆင့် ကမ်းလွန်ငလျင်တစ်ခုနဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေကြောင့် ပါလူမှာ လူပေါင်း ၂၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းကလည်း အိမ်နီးချင်း ဖိလစ်ပိုင်နိုင်ငံရဲ့ တောင်ပိုင်း ကမ်းလွန်ကို ဗဟိုပြုခဲ့တဲ့ မဂ္ဂနီကျု ၇.၈ အဆင့် ငလျင်ကြီးကြောင့် အဆောက်အအုံတွေ ပြိုကျ ပျက်စီးခဲ့သလို အနည်းဆုံး ၆၈ ဦးသေပြီး ၃၃ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။