Connect with us

Hi, what are you looking for?

သတင်း

နယ်စပ် စစ်ကောင်စီ စခန်းတစ်ခုကို KNU သိမ်းယူလိုက်ကြောင်း ထိုင်းမီဒီယာ ဖော်ပြ

ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း တစ်ခုကို မေလ ၂၀ ရက်နေ့မှာ ကရင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေက သိမ်းယူနိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာန Enquirerက ဖော်ပြသွားခဲ့ပါတယ်။

Inquirer

ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း တစ်ခုကို မေလ ၂၀ ရက်နေ့မှာ ကရင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေက သိမ်းယူနိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာန Enquirerက ဖော်ပြသွားခဲ့ပါတယ်။

ကရင် အမျိုးသား အဖွဲ့ချုပ် (KNU)ရဲ့ လက်နက်ကိုင် အစုအဖွဲ့တွေဖြစ်တဲ့ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ (KNDO)တို့ဟာ ကရင်ပြည်နယ်၊ ဘားအံခရိုင်ထဲမှာရှိတဲ့ အမှတ် ၂၄ ခြေလျင်တပ်ရင်း (ခလရ ၂၄)ရဲ့ တပ်စခန်းကို သိမ်းယူနိုင်ခဲ့တာလို့ သိရပါတယ်။

အဲဒီ စခန်းဟာ ထိုင်းနိုင်ငံရဲ့ တက်ခ်ပြည်နယ်ထဲက သာဆောင်ယန်းခရိုင်၊ မယ်တန် ခရိုင်ခွဲရဲ့ နယ်ခြားတစ်ဖက်မှာ ရှိနေတာလို့ Enquirerက ဆိုပါတယ်။

ညလုံးပေါက် အပြင်းအထန် ထိုးစစ်ဆင်ခဲ့တဲ့နောက် KNUဟာ မေလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ တပ်စခန်းကို သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သားတွေကတော့ ခြေဦးတည့်ရာ ထွက်ပြေးကုန်ကြတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနယ်ခြားစောင့် တပ်တွေကတော့ နယ်စပ်တလျှောက် အခြေအနေတွေကို လေ့လာနေပြီး ထွက်ပြေးလာတဲ့ မြန်မာစစ်သားတွေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသလား ဆိုတာကို စောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။

KNUကတော့ စစ်ကောင်စီ တပ်သား ၂၇ ယောက်လောက်ဟာ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဖက်ခြမ်းကို ထွက်ပြေးသွားခဲ့တယ်လို့ ပြောပါတယ်။ တပ်စခန်းကို သိမ်းယူနိုင်ချိန်မှာ ရိုင်ဖယ် ၂၄ လက်၊ ပစ္စတို ၁ လက်၊ ၆၀ မမ မော်တာ ၁ လက်၊ ၅.၅၆ မမ ကျည်ကတ် ၆၀၊ ပစ္စတို ကျည် ၁ ကတ်၊ ၈၈ မမ မော်တာ ၁ လက်ကို ကရင် တပ်ဖွဲ့တွေက သိမ်းဆည်း ရမိခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံ မြန်မာစစ်ရှောင် ၂၄၁ ယောက်ဟာလည်း ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးဝင်ရောက်ပြီး ယာယီ ခိုလှုံနေခဲ့ကြပါတယ်။ အဲဒီ စစ်ရှောင်တွေကို မယ်တန် ခရိုင်ခွဲမှာ နေရာထိုင်ခင်းနဲ့ လူသားချင်း စာနာမှု အကူအညီတွေ စီစဉ်ပေးထားကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ကိုးကား: Enquirer

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို