Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စင်ကာပူ ကမ်းလွန်မှာ လှေမှောက်၊ လှေပေါ် ပါလာသူ ၃၀ လုံးကို ကယ်ဆယ်နိုင်ခဲ့

စင်ကာပူ ကမ်းလွန်မှာ လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပေမယ့် လိုက်ပါလာသူ ၃၀ စလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Getty Images

စင်ကာပူ ကမ်းလွန်မှာ လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပေမယ့် လိုက်ပါလာသူ ၃၀ စလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားမှာ မှတ်ပုံတင်ထားတဲ့ လှေဟာ ပက်ဒရာ ဘရန်ကာ အရှေ့မြောက်ဖက် ကမ်းလွန်ရေပြင်မှာ မေလ ၂၀ ရက်နေ့ မနက်ပိုင်းတုန်းက တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ ရေပြင်ဟာ စင်ကာပူ ရေကြောင်း ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးဇုန်ထဲမှာ ပါဝင်နေပါတယ်။

စင်ကာပူ ရေကြောင်းနဲ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့က လှေတိမ်းမှောက်မှု သတင်းကို အနီးမှာ ဖြတ်သန်း ခုတ်မောင်းသွားတဲ့ ဟောင်ကောင် ကုန်တင် သင်္ဘောတစ်စီးက ဆက်သွယ် အကြောင်းကြားခဲ့တာလို့ ပြောပါတယ်။

အဲဒီနောက်မှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို စတင်ခဲ့ပြီး အနီးတဝိုက်မှာ ရှိနေတဲ့ ရေယာဉ်တွေကိုပါ ပူးပေါင်း ကူညီပေးဖို့ ဆက်သွယ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လိုက်ဘေးရီးယားမှာ မှတ်ပုံတင်ထားတဲ့ ရေနံတင် သင်္ဘောတစ်စီးဟာ လှေနစ်မြုပ်မှု ဖြစ်ပွားတဲ့ နေရာဆီ ဆိုက်ဆိုက်မြိုက်မြိုက် ခုတ်မောင်းသွားခဲ့ပြီး လိုက်ပါလာသူ ၃၀ စလုံးကို ပင်လယ်ပြင်ကနေ အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးတော့ ကယ်ဆယ်ထားသူတွေကို အင်ဒိုနီးရှားနိုင်ငံ၊ ဘက်တမ်မြို့ ဆိပ်ကမ်းမှာ ချထားပေးဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ကိုးကား: Xinhua

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းက ငါးသိုင်းချောင်း-အိုင်သပြုလမ်းပိုင်းမှာ ရေဘေးအလှူသွားတဲ့ လှေမှောက်ပြီး လူ ၃ ဦးသေဆုံးသွားလို့ ငါးသိုင်းချောင်းမြို့ဟာ ဧရာဝတီတိုင်း ရေဘေးအတွင်း သေဆုံးသူအများဆုံးဒေသဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ငါးသိုင်းချောင်း-အိုင်သပြုလမ်းမှာ ဒီနေ့ မနက်ပိုင်းက ဒေသခံတွေလိုက်ပါလာတဲ့လှေတစ်စီးတိမ်းပြီးနှစ်ဦး ပျောက်ဆုံးနေပါတယ်။

သတင်း

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။

Facebook