Connect with us

Hi, what are you looking for?

သတင်း

လုံးခင်းရောက်လာသည့် စစ်ကောင်စီတပ်ပစ်ခတ်၍ ပြည်သူ ၅ဦးထက်မနည်း သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းပစ်ခတ်၍ ပြည်သူ ၅ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ဒေသ သတင်းရင်းမြစ်အချို့က ပြောသည်။

လုံးခင်းရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်ခဲ့၍ သေဆုံးခဲ့သော ဒေသခံ လေးဦး၏ ရုပ်အလောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ − Naw Tu Awng/Fb

​မေ ၂၉၊၂၀၂၅။ထားမြတ်၊ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းပစ်ခတ်၍ ပြည်သူ ၅ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ဒေသ သတင်းရင်းမြစ်အချို့က ပြောသည်။

စစ်ကြောင်း ဖားကန့်ကိုထွက်သွားလို့ လူမှုရေးအဖွဲ့တွေက အလောင်းတွေလိုက်ကောက်တာ စုစုပေါင်း ငါးလောင်းရတယ်။ အမျိုးသမီး တစ်ယောက်ပါတယ်။ လမ်းပေါ်တွေ့တာနဲ့တားပြီး အရမ်းကာရောပစ်တာ။ ဒါတောင် ဒေသခံတွေအချင်းချင်းသတိပေးကြလို့”ဟု လုံးခင်းဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့သို့ ဦးတည်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် မေလ ၂၇ရက်ညပိုင်းတွင် လုံးခင်းကျေးရွာသို့ ရောက်ရှိခဲ့ပြီး =မေလ ၂၈ရက် နံနက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းက လုံးခင်းဒေသခံ ပြည်သူများအား လူသားဒိုင်းပြုလုပ်ရန် ဖမ်းဆီးခြင်း၊ ဒေသခံအချို့အား ပစ်ခတ်ခြင်း ပြုလုပ်ခဲ့ရာ ယနေ့(မေလ ၂၉ရက်)တွင် စစ်ကောင်စီတပ်စစ်ကြောင်းထွက်ခွာသွားပြီးနောက် ပစ်ခတ်ခံရသည့် အရပ်သား အလောင်းများကို ကူညီရေးအဖွဲ့က ကောက်ယူသင်္ဂြိုလ်ခဲ့သည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

” ရွှေမော် တည်းခိုခန်းအပေါ်ထပ်မှာ မကောက်ရသေးဘူး။ တစ်လောင်းက ညနေ ၆နာရီအထိ မကောက်ရသေးဘူး။ သူတို့ ရှိတော့ ပစ်နေလို့ ဘယ်သူမှ သွားမကောက်ရဲ။ လက်ရှိ စကစတွေ ဖားကန့် ဗျူဟာကုန်းနဲ့ စုပေါင်းရုံးတွေဆီ ရောက်ကုန်ပြီ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

အခြား ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ လုံးခင်းဒေသသို့ ဝင်ရောက်စဉ် ပစ်ခတ်ခဲ့၍ ပြည်သူ ၆ဦးထက်မနည်းသေဆုံးခဲ့ဟု အသိပေးထားသည်။

ထို့အပြင် လုံးခင်းမှ ဖားကန့်မြို့ထွက်ခွာသွားသည့် စစ်ကောင်စီတပ်သည် ပြည်သူအချို့ကို ဖမ်းဆီးသွားသော်လည်း ပြန်လွှတ်ပေးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“ပထမအသုတ်တော့ ပါသွားတယ်။ ဖမ်းပြီးနောက် မှော်စီဆာလမ်းခွဲနား အားလုံး ပြန်လွှတ်ပေးလိုက်တယ်။ ဒုတိယ အသုတ် ကျဘာမှ မဖမ်းတော့ဘူး”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် လုံးခင်းမှ ဖားကန့်မြို့သို့ အသွားတွင် ၎င်းတို့အား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ပါက လုံးခင်းကို ဗုံးကြဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ကာ ရပ်မိ၊ ရပ်ဖအချို့ကို ခေါ်ဆောင်ကာ စစ်ကြောင်း ပြန်လည်ထွက်ခွာသွားခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မေလကတည်းက ဖားကန့်မြို့သို့ အင်အားအလုံးအရင်းဖြင့် လေကြောင်း ပစ်ကူရယူပြီး စစ်ကြောင်းထိုးလာရာ လမ်းခရီးတွင် KIA နှင့် PDFပူးပေါင်းတပ်က အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook