Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩစတြီးယား စာသင်ကျောင်းမှာ ပစ်ခတ်မှုဖြစ်၊ သေနတ်သမား အပါအဝင် ၁၀ ဦးသေ

ဩစတြီးယား နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး သေနတ်သမား အပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Getty Images

ဩစတြီးယား နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး သေနတ်သမား အပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဩစတြီးယားနိုင်ငံ အရှေ့တောင်ဖက်မှာရှိတဲ့ ဂရက်ဇ်မြို့က ကျောင်းတစ်ကျောင်းမှာ ဇွန်လ ၁၀ ရက်နေ့က ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ သေနတ်သမားဟာ အနည်းဆုံး လူ ၉ ယောက်ကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ ရဲတွေက ပြောပါတယ်။

သေနတ်သမား ဘယ်သူဘယ်ဝါ ဆိုတာကို ရဲတွေက မထုတ်ပြန်သေးပေမယ့် ဂရက်ဇ်မှာပဲ နေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် ကျောင်းသားဟောင်း တစ်ဦးလို့တော့ ဆိုပါတယ်။ သေနတ်သမားဟာ ဒီကိစ္စကို တစ်ကိုယ်တော် ကျူးလွန်ခဲ့ပြီး တခြားကြံရာပါတွေ မရှိနိုင်ဘူးလို့ ရဲတွေက ယုံကြည်နေပါတယ်။

ပစ်ခတ်မှုကို ကျူးလွန်ရတဲ့ အကြောင်းရင်းကိုတော့ ရဲတွေက စုံစမ်းနေဆဲပါ။ ဖြစ်စဉ်မှာ ဒဏ်ရာရသူတွေလည်း ရှိခဲ့ပြီး အခြေအနေ စိုးရိမ်ရသူတွေလည်း ပါဝင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဂရက်ဇ် မြို့တော်ဝန် အယ်လ်ကီခါးဟ်က ဒီကိစ္စဟာ တစ်မြို့လုံးအတွက် ဆိုးရွားလှတဲ့ ကြေကွဲစရာ ဖြစ်ရပ်ကြီးလို့ ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေ အများစုဟာ ကျောင်းသားကျောင်းသူတွေလို့ ယူဆရပြီး အရွယ်ရောက်ပြီးသူ အနည်းဆုံး တစ်ဦးလည်း ဝင်ပါတယ်။

ဩစတြီးယား အဓိပတိ ခရစ္စတီယန် စတော့ကာဟာ ဂရက်ဇ်ကို ကိုယ်တိုင် သွားရောက်နေပြီး ဒါဟာ တစ်နိုင်ငံလုံးကို တုန်လှုပ်စေတဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်မျိုးလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဩစတြီးယားမှာတော့ တစ်ချက်ပစ်ပြီးတိုင်း တစ်ကြိမ် ကျည်ဖြည့်ဖို့လိုတဲ့ ရိုင်ဖယ်နဲ့ ပြောင်းတို သေနတ်လို လက်နက်တွေကို အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ပါမစ်မလိုဘဲ ဝယ်ယူခွင့် ရှိပါတယ်။ အော်တိုမက်တစ် ရိုင်ဖယ်တွေနဲ့ ချေမှုန်းရေး ရိုင်ဖယ်တွေလို လက်နက်တွေကို ဝယ်ယူခွင့် အတွက်တော့ သီးခြား စာရွက်စာတမ်းနဲ့ ခွင့်ပြုချက်တွေ လိုအပ်ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။