ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေတွင် နိုဝင်ဘာ ၁ရက်မှ ၁၁ရက်အတွင်း တိုက်ပွဲအကြိမ်ရေ ၉၀ ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၈၅ဦးသေဆုံးကာ ၆၁ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။
KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်၊တပ်မဟာ(၂) နယ်မြေ တောင်ငူခရိုင်၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တို့အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF)တို့ စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာခြင်းကြောင့် KNU လက်အောက်ခံ တပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တို့နှင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲသည်ဟု ဆိုသည်။
တိုက်ပွဲများဖြစ်ပွါးပြီးနောက် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်တို့သည် ရွာများအတွင်း လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်းလုပ်ဆောင်ခဲ့၍ နေအိမ်များ ပျက်စီးခဲ့ပြီး ဒေသခံများ ထိတ်လန့်နေရကြောင်း ဖော်ပြထားသည်။

Public Service Announcement


















































