Connect with us

Hi, what are you looking for?

News

ကလေး PDFစခန်းတစ်ခုကိုစစ်ကောင်စီတပ်စီးနင်းဆေးတပ်ဖွဲ့မှအမျိုးသမီး ၈ဦးဖမ်းဆီးခံရ၊နေရာစုံထကြွပေးရန်တောင်းဆို

“ဆေးတပ်ဖွဲ့မှ အမျိုးသမီးရဲဘော် ၈ ဦး ဖမ်းဆီးခံလိုက်ရတယ်။ စခန်းတစ်ခု အသိမ်းခံရတယ်။ နေရာစုံကနေ ထကြွပေးကြပါ”ဟု Kalay PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ကလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီ တိုက်ပွဲအပြင်းအထန် ​ဖြစ်နေပြီး အင်အားမမျှဘဲ ရင်ဆိုင်နေရသဖြင့်တိုက်ပွဲဖိအား လျော့ကျစေရေး နေရာစုံမှ ထကြွပေးရန် Kalay PDFက တောင်းဆိုသည်။

ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃၏ စခန်း တစ် ခုအား အကြမ်းဖက် စစ်ကောင်စီက ဝင်ရောက်စီးနင်းသဖြင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

” ဆေးတပ်ဖွဲ့မှ အမျိုးသမီးရဲဘော် ၈ ဦး ဖမ်းဆီးခံလိုက်ရတယ်။ စခန်းတစ်ခု အသိမ်းခံရတယ်။ နေရာစုံကနေ ထကြွပေးကြပါ”ဟု Kalay PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“တစ်ခြားမြို့နယ် အဘက်ဘက်ကနေ ကြွပေးကြပါဦး။ ကလေး အဖိခံနေရလို့ပါ စခန်းတစ်ခုသိမ်းခံလိုက်ရပါပြီ။ ရဲဘော်တွေလည်း အဖမ်းခံထားရပါတယ်” လို့ PDF Kalay တပ်ဖွဲ့တစ်ဦးက တောင်းဆိုထားကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းများ အဆင်မပြတ်တင်ပေးနေသည့်
ကလေးမြို့သတင်းဌာနချုပ် က ရေးသားထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲသည် ယနေ့ (နိုဝင်ဘာ၁၆ရက်) နံနက် ၁၀ နာရီခန့်က စတင်ခဲ့ပြီး စစ်ကောင်စီက ညနေအထိ တစ်ဖက်သတ်ပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီသည် ကလေးမြိုနယ်အနောက်တောင် ဇီးချောင်းတဝိုက်မှ စစ်ကြောင်းထိုးလာကာ PDF (Kalay) တပ်ဖွဲဝင်များနှင့် ထိတွေ့ပြီး တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“မြစ်သာ​မြစ် အရှေဘက်ကမ်းမှာ အဖမ်းအဆီးပြပြီး ချင်းတောင်ခြေစခန်းကို ဝင်စီးတာ”ဟုဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ