ကလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီ တိုက်ပွဲအပြင်းအထန် ဖြစ်နေပြီး အင်အားမမျှဘဲ ရင်ဆိုင်နေရသဖြင့်တိုက်ပွဲဖိအား လျော့ကျစေရေး နေရာစုံမှ ထကြွပေးရန် Kalay PDFက တောင်းဆိုသည်။
ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃၏ စခန်း တစ် ခုအား အကြမ်းဖက် စစ်ကောင်စီက ဝင်ရောက်စီးနင်းသဖြင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

” ဆေးတပ်ဖွဲ့မှ အမျိုးသမီးရဲဘော် ၈ ဦး ဖမ်းဆီးခံလိုက်ရတယ်။ စခန်းတစ်ခု အသိမ်းခံရတယ်။ နေရာစုံကနေ ထကြွပေးကြပါ”ဟု Kalay PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“တစ်ခြားမြို့နယ် အဘက်ဘက်ကနေ ကြွပေးကြပါဦး။ ကလေး အဖိခံနေရလို့ပါ စခန်းတစ်ခုသိမ်းခံလိုက်ရပါပြီ။ ရဲဘော်တွေလည်း အဖမ်းခံထားရပါတယ်” လို့ PDF Kalay တပ်ဖွဲ့တစ်ဦးက တောင်းဆိုထားကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းများ အဆင်မပြတ်တင်ပေးနေသည့်
ကလေးမြို့သတင်းဌာနချုပ် က ရေးသားထားသည်။

Public Service Announcement
တိုက်ပွဲသည် ယနေ့ (နိုဝင်ဘာ၁၆ရက်) နံနက် ၁၀ နာရီခန့်က စတင်ခဲ့ပြီး စစ်ကောင်စီက ညနေအထိ တစ်ဖက်သတ်ပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။
စစ်ကောင်စီသည် ကလေးမြိုနယ်အနောက်တောင် ဇီးချောင်းတဝိုက်မှ စစ်ကြောင်းထိုးလာကာ PDF (Kalay) တပ်ဖွဲဝင်များနှင့် ထိတွေ့ပြီး တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
“မြစ်သာမြစ် အရှေဘက်ကမ်းမှာ အဖမ်းအဆီးပြပြီး ချင်းတောင်ခြေစခန်းကို ဝင်စီးတာ”ဟုဒေသခံတစ်ဦးကပြောသည်။


















































