ဇူလိုင်-၁၅၊၂၀၂၅။People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာမှာ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းက ကတ်သလစ်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့သူ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် တိုက်ကော(ခ)ဝင်းဇော်ဦးပါ ၈ဦးကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ် ၂၀ချမှတ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက လူထုနွေဦးကို ပြောပါတယ်။
ဇူလိုင် ၁၀ရက်နေ့မှာ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် တိုက်ကော(ခ)ဝင်းဇော်ဦးပါ ၈ဦးကို ပုဒ်မ – ၃၀၂(၂)အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် အနှစ်(၂၀)ချမှတ်ခဲ့တာလို့ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။
ကတ်သလစ်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ကို တိုက်ကော(ခ)ဝင်းဇော်ဦးအပါအဝင် ၈ဦးက ၂၀၂၅ ဖေဖော်ဝါရီ ၁၄ ရက်မှာ သတ်ဖြတ်ခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ သတ်ဖြတ်ခဲ့တဲ့သူတွေကို ရွှေဘိုခရိုင် တပ်ရင်း(၅)က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

Public Service Announcement
သတ်ဖြတ်မှုမှာ ကနဦး သံသယတရားခံ ၁၀ဦးကို ဖမ်းဆီးထိန်းသိိမ်းခဲ့ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးဝန်ကြီးဌာနက အခင်းဖြစ်ပြီး တစ်ပတ်အကြာမှာ သတင်းထုတ်ပြန်ထားပါတယ်။


















































