Connect with us

Hi, what are you looking for?

News

မင်းကင်းတွင်ကျဆုံးခဲ့သည့် PDFလူငယ် သုံးဦးနာရေး ဒေသခံပြည်သူအများအပြားလိုက်ပါပို့ဆောင်

PDF လူငယ်သုံးဦးသည် မသေဆုံးမီ နှိပ်စက်ခံထားရသော ဒဏ်ရာများရရှိထားပြီး သေနတ်ဒဏ်ရာလည်း တွေ့ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

(မင်းကင်းPDF လူငယ်သုံးဦးနာ​ရေး)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ပစ်သတ်ခဲ့သည့် PDF တပ်ဖွဲ့ဝင် သုံးဦး၏ နာရေးကို ဒေသခံအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ယမန်နေ့(နိုဝင်ဘာ ၁၅) နံနက်အစောပိုင်းကမင်းကင်းမြို့ အနောက်တောကျေးရွာတွင် ဒေသလုံခြုံရေးတာဝန်ဖြင့် ကင်းစောင့်ရန် ထွက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)မှ သုံး ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များကပိတ်ဆို့ဖမ်းဆီးပြီး ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။ ယင်းလူငယ်သုံးဦး၏ နာရေးကို ယနေ့(နိုဝင်ဘာ ၁၆)ပြုလုပ်ရာ ဒေသခံပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ပြီး အများစုသည် ငိုကြွေးခဲ့ကြသည်။

PDF လူငယ်သုံးဦးသည် မသေဆုံးမီ နှိပ်စက်ခံထားရသော ဒဏ်ရာများရရှိထားပြီး သေနတ်ဒဏ်ရာလည်း တွေ့ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်က “အလောင်းတွေကို ပုံထပ်ထားတာခဲ့တာ။ အလောင်းတွေကို ဒီတိုင်း ဆိုင်ကယ်နဲ့ ဆွဲတာလား၊ လူနဲ့ပဲ ဆွဲတာလားတော့ မသိဘူး။ ဒါပေမဲ့ ဆွဲထားတဲ့ အရာတွေ ရှိတယ်။ နောက်သေပြီးမှ ရိုက်နှက်တာတွေ ထပ်လုပ်ထားတယ် ထင်တယ်။ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ။ ကြည့်လို့ အဆင်မပြေဘူး” ဟု ဧရာဝတီသတင်းဌာနအား ဖြေကြားထား ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။