Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းကင်းတွင်ကျဆုံးခဲ့သည့် PDFလူငယ် သုံးဦးနာရေး ဒေသခံပြည်သူအများအပြားလိုက်ပါပို့ဆောင်

PDF လူငယ်သုံးဦးသည် မသေဆုံးမီ နှိပ်စက်ခံထားရသော ဒဏ်ရာများရရှိထားပြီး သေနတ်ဒဏ်ရာလည်း တွေ့ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

(မင်းကင်းPDF လူငယ်သုံးဦးနာ​ရေး)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ပစ်သတ်ခဲ့သည့် PDF တပ်ဖွဲ့ဝင် သုံးဦး၏ နာရေးကို ဒေသခံအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ယမန်နေ့(နိုဝင်ဘာ ၁၅) နံနက်အစောပိုင်းကမင်းကင်းမြို့ အနောက်တောကျေးရွာတွင် ဒေသလုံခြုံရေးတာဝန်ဖြင့် ကင်းစောင့်ရန် ထွက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)မှ သုံး ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များကပိတ်ဆို့ဖမ်းဆီးပြီး ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။ ယင်းလူငယ်သုံးဦး၏ နာရေးကို ယနေ့(နိုဝင်ဘာ ၁၆)ပြုလုပ်ရာ ဒေသခံပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ပြီး အများစုသည် ငိုကြွေးခဲ့ကြသည်။

PDF လူငယ်သုံးဦးသည် မသေဆုံးမီ နှိပ်စက်ခံထားရသော ဒဏ်ရာများရရှိထားပြီး သေနတ်ဒဏ်ရာလည်း တွေ့ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်က “အလောင်းတွေကို ပုံထပ်ထားတာခဲ့တာ။ အလောင်းတွေကို ဒီတိုင်း ဆိုင်ကယ်နဲ့ ဆွဲတာလား၊ လူနဲ့ပဲ ဆွဲတာလားတော့ မသိဘူး။ ဒါပေမဲ့ ဆွဲထားတဲ့ အရာတွေ ရှိတယ်။ နောက်သေပြီးမှ ရိုက်နှက်တာတွေ ထပ်လုပ်ထားတယ် ထင်တယ်။ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ။ ကြည့်လို့ အဆင်မပြေဘူး” ဟု ဧရာဝတီသတင်းဌာနအား ဖြေကြားထား ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။