Connect with us

Hi, what are you looking for?

သတင်း

ဝီဖာမုန်တိုင်းကြောင့် သဘာ၀ဘေးကြုံရနိုင်၍ ပြည်သူများကြိုပြင်ကြရန် KNU အရေးပေါ် ကြေညာ

တောင်တရုတ်ပင်လယ်ပြင်မှ ဖြစ်ပေါ်လာသည့်အပူပိုင်းမုန်တိုင်းဝီဖာ ၏ အရှိန်ကြောင့် မိုးကြီးခြင်း မြေပြိုခြင်း၊ရေကြီးခြင်းများ ကြုံတွေ့ရနိုင်၍ သဘာ၀ဘေးကိုပြည်သူများချက်ချင်းသတိမူပြီးကြိုတင် ပြင်ဆင်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ (ဇူလိုင် ၂၃ရက်)တွင် ကြေညာချက် ထုတ်ပြန်သည်။

မိုးများ၍ သောင်ရင်းမြစ်ရေကြီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၂၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

တောင်တရုတ်ပင်လယ်ပြင်မှ ဖြစ်ပေါ်လာသည့်အပူပိုင်းမုန်တိုင်းဝီဖာ ၏ အရှိန်ကြောင့် မိုးကြီးခြင်း မြေပြိုခြင်း၊ရေကြီးခြင်းများ ကြုံတွေ့ရနိုင်၍ သဘာ၀ဘေးကိုပြည်သူများချက်ချင်းသတိမူပြီးကြိုတင် ပြင်ဆင်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ (ဇူလိုင် ၂၃ရက်)တွင် ကြေညာချက် ထုတ်ပြန်သည်။

မုန်တိုင်းအရှိန်ကြောင့် ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ခုရှိ ဒေသများတွင် နေရာကွက် မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားစာနာနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးထားသည်။

မုန်တိုင်းအရှိန်ကြောင့်အလွန်ပြင်းထန်သော မိုးရွာခြင်း၊လေပြင်းတိုက်ခတ်ခြင်းနှင့် ရေလွှမ်းမိုးခြင်းများကို ဖြစ်စေနိုင်ကြောင်း၊ မြေနိမ့်ပိုင်းဒေသများ ၊ မြစ်များအနီးရှိ နေရာများနှင့် တောင်ကုန်းများတွင် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ကြုံတွေ့ရနိုင်ကြောင်း KNUက သတိပေးပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ၊ ဓာတ်အားလိုင်းများ၊ သစ်ပင်များနှင့် လယ်ယာများ ပျက်စီးနိုင်ကြောင်း ကြေညာချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“သက်ရောက်မှုများသည် ကျွန်ုပ်တို့၏ ဘေးကင်းရေး၊ အစားအသောက်ထောက်ပံ့မှုနှင့် သယ်ယူပို့ဆောင်ရေးတို့ကို အကြီးအကျယ်ထိခိုက်စေနိုင် သည်”ဟု ထုတ်ပြန်ထားသည်။

ထို့အပြင်ရေသန့်၊ အစားအစာခြောက်၊ဆေးဝါးများ၊ ဓာတ်မီးများ၊ဘက်ထ ရီများနှင့် အရေးကြီး စာရွက်စာတမ်းများကို ရေစိုခံအိတ်များတွင် သိမ်း ဆည်းထားသည့် အရေးပေါ်ကိရိယာအစုံကို ပြင်ဆင်ထားရန် KNUက တိုက်တွန်းသည်။

” သင့်မိသားစုနှင့်အတူ ရွှေ့ပြောင်းရေးလမ်းကြောင်းကို စီစဉ်ထားကာ အမြန်ပြောင်းရွှေ့ရန် လိုအပ်ပါက အနီးဆုံး ဘေးကင်းလုံခြုံသော နေရာသို့ ပြောင်းရွှေ့ပါ။ သင်မွေးမြူထားသော တိရစ္ဆာန်များနှင့် အဖိုးတန်ပစ္စည်းများကို ပိုမိုလုံခြုံသောနေရာများသို့ ရွှေ့ပြောင်းခြင်းဖြင့် ကာကွယ်ပါ”ဟု KNU ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

ဒေသတွင်း ရေဒီယိုများ သို့မဟုတ် ယုံကြည်ရသော သတင်းရင်းမြစ်များကို နားဆင်ခြင်းဖြင့် အချက်အလက်များ ကိုရယူရန်၊ ထို့အပြင်အိမ်နီး ချင်းများ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် ကလေးသူငယ်များရှိသော မိသားစုများကို ဂရုစိုက်၍ တစ်ဦးနှင့်တစ်ဦး ဘေးကင်းလုံခြုံအောင်နေရန် တိုက်တွန်းထားသည်။

ယခု သတိပေးချက်ကို အလေးအနက်ထားရန် KNUက တိုက်တွန်းထားပြီး ဘေးအန္တရာယ် လျော့ပါးစေရေး၊ နှင့် ပြည်သူကိုကာကွယ်ရေး အတူ တကွ ပြင်ဆင်ထားကြရန်လိုအပ်ကြောင်း ဖော်ပြသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်လည်း သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြို့ရပ်ကွက်များအတွင်း ရေများဝင်ရောက်နေပြီး ဒေသခံအချို့ အရေးပေါ်ရွေ့ပြောင်းမှုများ ပြုလုပ်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။