Connect with us

Hi, what are you looking for?

သတင်း

သြစတြေးလျနိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံး ထီးသပိတ် အကြိုလှုပ်ရှားမှု ပြုလုပ်

သြစတြေးလျနိုင်ငံရောက်မြန်မာများဦးဆောင်၍ မကြာခင်ရောက်လာတော့မည့် (၃၇)နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံး ထီးသပိတ်ကို ယနေ့ (သြဂုတ် ၄) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်

သြဂုတ်-၄၊၂၀၂၅။သုည/People’s Spring

သြစတြေးလျနိုင်ငံရောက်မြန်မာများဦးဆောင်၍ မကြာခင်ရောက်လာတော့မည့် (၃၇)နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံး ထီးသပိတ်ကို ယနေ့ (သြဂုတ် ၄) ပြုလုပ်ခဲ့သည်။

သြစတြေးလျနိုင်ငံဆစ်ဒနီမြို့ရှိအထိမ်းအမှတ်နေရာများတွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ စုပေါင်းကာ (၈) သင်္ကေတရိုက်နှပ်ထားသည့် ထီး လေးချောင်း ကိုင်ဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ ရှစ်​​လေးလုံး ထီးသပိတ်ကိုပါဝင်ခဲ့ကြသည်။

သြဂုတ်(၃)ရက်ကယူအေအီးနှင့်တောင်ကိုရီးယားနိုင်ငံတို့​တွင်လည်းမြန်မာနိုင်ငံသားများက ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ်အကြို လှုပ်ရှားမှုအဖြစ် (၈) သင်္ကေတရိုက်နှပ်ထားသည့် ထီးများကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။

Public Service Announcement

Public Service Announcement

(၃၇)နှစ်မြောက်ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ်လှုပ်ရှားမှုပြုလုပ်ကြရန် ရန်ကုန်လူထုသပိတ်က တိုက်တွန်းထားသည်။

ရန်ကုန် လူထုသပိတ်အနေဖြင့်ရှစ်လေးလုံးအထိမ်းအမှတ် ၈ သင်္ကေတရိုက်နှိပ်ထားသည့် ထီးများကို ရောင်းချထားသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ အဆိုပါထီးများအပါအဝင် ၈ ဂဏန်းနှင့် သက်ဆိုင်သည့်အရာများဖြင့် သပိတ်လှုပ်ရှားမှုပြုလုပ်ရန် ဩဂုတ် ၁ရက် တွင်နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။