Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းကိုပစ်မှတ်ထားပြီး စစ်ကောင်စီလေတပ်တိုက်ခိုက်ခဲ့

နိုင်ငံတဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေကိုလုပ်ဆောင်နေတဲ့စစ်ကောင်စီလေတပ်ကပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေးတိုင်းကို အများဆုံးပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ အချက်အလက်အရသိရပါတယ်။

မိုးကုတ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက်တွေ့ရပုံ။ ဓာတ်ပုံ - TNLA

သြဂုတ် – ၁၄ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

နိုင်ငံတဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေကိုလုပ်ဆောင်နေတဲ့စစ်ကောင်စီလေတပ်ကပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေးတိုင်းကို အများဆုံးပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ အချက်အလက်အရသိရပါတယ်။

စစ်ကောင်စီလေတပ်ကမန္တလေးတိုင်းကို ဇူလိုင်လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၄၄ ဦးထိရှိခဲ့ရာမှာ အသက် ၁၈ နှစ် အောက် ၁၂ ဦး ၊ ၁၈ နှစ်အထက် ၈ ဦးနဲ့ အသက်အပိုင်းအခြား ခွဲခြားလို့မရနိုင်တော့သူ ၂၄ ဦးပါဝင်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူကလည်း ၉၆ ဦးထိရှိခဲ့ပါတယ်။

ဒါအပြင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နေအိမ် ၅၁လုံးနဲ့စာသင် ကျောင်း ၂ ကျောင်း ပျက်စီးခဲ့ရတယ်လို့ NUG က ဆိုပါတယ်။

ဇူလိုင်လလကုန်ပိုင်းဆိုရင်မန္တလေးတိုင်းထဲကမိုးကုတ်မြို့ကို ဗုံးကြဲရာမှာ အရပ်သား ၃ ဦးသေဆုံးပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့မြို့ကို သိမ်းယူထိန်းချုပ်ထားတဲ့ TNLA က ထုတ်ပြန်ထားပါတယ်။

ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့ကိုဇူလိုင်လအတွင်းမှာတင် စစ်ကောင်စီလေတပ်က ၅ ကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

လက်ရှိမှာဆိုရင်လည်း မန္တလေးတိုင်း ၊ မြင်းခြံနယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခြေလျင်တပ်အပြင် တိုက်ခိုက်ရေးရဟတ်ယာဉ် ၊ လေယာဉ်တွေသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ပါတယ်။

ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု ဒုတိယအများဆုံးကတော့ စစ်ကိုင်းတိုင်းဖြစ်ပြီး သေဆုံးသူ ၄၉ ဦးထိရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။