Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ နေအိမ်အချို့ ပျက်စီး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ (ဩဂုတ် ၁၇ရက်)နံနက်တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ နေအိမ်ပျက်စီးမှုရှိခဲ့ပြီး လူသေဆုံးထိခိုက်မရှိဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

ကန်ပက်လက်မြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − CJ

ဩဂုတ်−၁၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ (ဩဂုတ် ၁၇ရက်)နံနက်တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ နေအိမ်ပျက်စီးမှုရှိခဲ့ပြီး လူသေဆုံးထိခိုက်မရှိဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

ချင်းညီနောင်မဟာမိတ်များက ၂၀၂၄ ဒီဇင်ဘာတွင် သိမ်းပိုက်ထားသည့် ကန်ပက်လက်မြို့ကို စစ်ကောင်စီက အခါအားလျော်စွာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ယနေ့မနက် ၇နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် နေရာ ၂နေရာကိုလေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“လူကတော့ အထိအခိုက် အသေအဆုံးမရှိဘူး ကြားတယ်” ဟု ကန်ပက်လက်မြို့ခံတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်ခံရ၍ပျက်စီးသွားသည့်နေအိမ်အချို့၏ မှတ်တမ်းကိုလည်း ဒေသခံတို့က လူမှုကွန်ရက်၌ ဖော်ပြထားသည်။

စစ်ကောင်စီက ကန်ပက်လက်ကို အစီအစဉ်တကျ လေကြောင်း တိုက်ခိုက်နေခြင်းဖြစ်ဟု ၎င်းက သုံးသပ်သည်။ စစ်ကောင်စီသည် မကွေးတိုင်းမှ ချင်းပြည်သို့ ဦးတည်သည့် စစ်ကြောင်းများ အင်အားအလုံးအရင်းဖြင့် ချီတက်လာနေသည်ဟု ဆိုသည်။

“အခု ဆိပ်ဖြူဘက်က စစ်ကြောင်းရော ပေါက်ဘက်ကရော ထိုးနေတာရှိတယ်။ ဆောမြို့ပေါ်မှာလည်း စစ်သားတွေ အပြင်ထွက်ကြတယ် ကြားမိတယ်။ အရပ်ဝတ်နဲ့လည်း အများကြီး ဝင်လာတာ ရှိတယ် လည်းကြားတော့ ဒေသတွင်းမှာတော့ အရမ်းစိုးရိမ်နေကြတာ” ဟု ကန်ပက်လက် ဒေသခံက ပြောသည်။

ချင်းညီနောင်မဟာမိတ်များသည် ကန်ပက်လက်၊ ကျင်ဒွေး၊ မင်းတပ်၊ မတူပီစသည့် ချင်းတောင်ပိုင်းရှိ မြို့များအားလုံးကို သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်ရာ စစ်ရှုံးထားသည့် စစ်ကောင်စီက မင်းတပ်၊ကန်ပက်လက် မြို့များရှိပြည်သူနေအိမ်နှင့် အစိုးရ အဆောက်အဦးများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ယခင်ကလည်း ပြုလုပ်ခဲ့ဖူးသည်။

စစ်ကောင်စီသည်ယနေ့ဩဂုတ်၁၇ရက်တွင် ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊မော်ချီးဒေသ လေကြောင်းတိုက်ခိုက်တိုက်ခိုက်ရာ သေဆုံးသူ အရပ်သား ၂၂ ဦးအထိရှိလာကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)တွဲဖက်အတွင်း ရေးမှူးဦးဗညားက ပြောသည်။

ထို့အပြင်ယနေ့ နံနက်ပိုင်းတွင်လည်းမိုးကုတ်မြို့အားလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် ၃ဦး သေဆုံးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ထားသည်။

ကန်ပက်လက်မြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − CJ

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။