Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ ၃၀ကျော်သေဆုံးခဲ့သည့် မော်ချီးဒေသကို စစ်ကောင်စီ ထပ်မံ လေကြောင်းတိုက်ခိုက်

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၀ကျော်သေဆုံးခဲ့ရသည့် ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက ယနေ့(သြဂုတ် ၁၉ရက်) နံနက် ၆နာရီခန့်တွင် ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့သည်ဟု အဆိုပါ ဒေသခံများနှင့် တာဝန်ရှိသူအချို့က လူထုနွေဦးသို့ ပြောသည်။

သြဂုတ် ၁၇ ရက်က လိုခါးလိုရွာရှိ ပြည်သူ့ဆေးရုံနှင့်ဝန်ထမ်းအိမ်ယာ ဗုံးကြဲခံခဲ့ရသည်ကို တွေ့ရစဥ်၊။ ဓာတ်ပုံ − JFK

သြဂုတ်-၁၉၊ ၂၀၂၅။ရဲခေါင်/People’s Spring

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၀ကျော်သေဆုံးခဲ့ရသည့် ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက ယနေ့(သြဂုတ် ၁၉ရက်) နံနက် ၆နာရီခန့်တွင် ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့သည်ဟု အဆိုပါ ဒေသခံများနှင့် တာဝန်ရှိသူအချို့က လူထုနွေဦးသို့ ပြောသည်။

ပြီးခဲ့သည့် နှစ်ရက် သြဂုတ် ၁၇ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃၀ကျော်သေဆုံးခဲ့ရသည့် မော်ချီးဒေသ လိုခါးလိုကျေးရွာကို စစ်ကောင်စီက ယနေ့နံနက်တွင် Y12လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ သုံးဦးထိခိုက်ခဲ့သည်ဟု ဆိုသည်။

“၆ နာရီ ၁၀မိနစ်။မော်ချီး လိုခါးလိုရွာ။Y 12နဲ့ ဗုံးကြဲတာ။”ဟု ကရင်နီပြည်ကြားကာလအုပ် ချုပ်ရေးကောင်စီ(IEC)တွဲဖက်အတွင်းရေးမှူး ဦးဗညားက ပြောသည်။

Public Service Announcement

Public Service Announcement

သတ္တုတူးဖော်ရေးလုပ်နေသည့် ဒေသခံနှင့် ရွှေ့ ပြောင်းလုပ်သားများစွာရှိနေသည့် မော်ချီးဒေသတွင် တိုက်ပွဲလုံးဝမရှိသော်လည်း စစ်ကောင်စီက ၂၀၂၅ မတ်လနောက်ပိုင်းကစ၍ တစ်လအနည်းဆုံးနှစ်ကြိမ်ဗုံးကြဲနေခြင်းဖြစ်ကြောင်း အသိပေးသည်။

“လိုခါးလိုရွာ နှစ်လုံး၊ကျောက်ကြားဖက် သုံးလုံးပေါင်း ငါးလုံး”ဟု ယနေ့နံနက်ပိုင်း မော်ချီးဒေသဗုံးကြဲခံရသည့်ဖြစ်စဥ်သိရှိသူတစ်ဦးက ပြောသည်။

သြဂုတ် ၁၇ ရက်က မော်ချီးဒေသ လိုခါးလိုကျေးရွာရှိ ပြည်သူ့ ဆေးရုံနှင့် (၁၆)ကုန်းရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ရာ ဒေသခံပြည်သူ ၃၂ ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိထားသည်။

တရားမဝင်အာဏာသိမ်းစစ်တပ်၏ အပြစ်မဲ့ပြည်သူများအပေါ် ညှာတာမှုကင်းမဲ့စွာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်ရေးအတွက် ပြည်သူများ၊ တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ဩဂုတ်၁၈ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့်လည်း တရားမဝင် အာဏာသိမ်းစစ်တပ်၏ ကြီးလေးသည့် စစ်ရာဇဝတ်မှုကျူးလွန်နေမှုများ အပေါ်ထိရောက်စွာ အရေးယူနိုင်ရေး IEC က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။