Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ဝိုင်းမော်မြို့နယ် ကျေးရွာအချို့ကို ပစ်မှတ်ထား ဗုံးကြဲနေ

ကချင်ပြည်နယ်၊ ဝိုင်း‌မော်မြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများအား စစ်ကောင်စီကလေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားထိခိုက်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

နမ့်ဝါကျေးရွာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်အပြီး မြင်ကွင်း။ ဓာတ်ပုံ − CJ

စက်တင်ဘာ−၁။၂၀၂၅။လူအေး/People’s Spring

ကချင်ပြည်နယ်၊ ဝိုင်း‌မော်မြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများအား စစ်ကောင်စီကလေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားထိခိုက်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

ဝိုင်း‌မော်မြို့နယ် နမ့်ဝါကျေးရွာကို ဩဂုတ်လ ၃၁ရက် ညနေက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွား၍ ဒေသခံ မိသားစုဝင် သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

” အိမ်တွေပေါ်တည့်တည့်ကို ကြဲတာဗျာ။ အပျက်အစီးတွေ များတယ်။ ဒဏ်ရာရသူတွေကို သွေးသံရဲရဲနဲ့ ခေါ်ထုတ်သွားရတယ်”ဟု နမ့်ဝါကျေးရွာ ဒေသခံတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

နမ့်ဝါရွာသည် တိုက်ပွဲပြင်းထန်နေသည့် လမြန်ကျေးရွာနှင့် ဆက်စပ်နေသည်။ သို့သော် ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDFတပ်ဖွဲ့ဝင်များလည်း လှုပ်ရှားမှုမရှိကြောင်း နမ့်ဝါရွာဒေသခံများက ပြောသည်။

ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုသည် အရပ်သားပြည်သူကိုပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဟု ဝိုင်းမော်မြို့ခံအမျိုးသမီးတဦးက ပြောသည်။

” တစ်ရွာလုံး ပြေးရတာနော်။ အကာအကွယ်ကောင်းလို့ မသေကြတာ။ ကလေးတွေရော လူ‌ကြီးတွေပါ ရူးခံသွားတာ။ ဒါမျိုးက စစ်ရာဇဝတ်မှုပါ”ဟု ၎င်းက ပြောသည်။

KIAထိန်းချုပ်ထားသည့်လမြန်ကျေးရွာကိုစစ်ကောင်စီတပ်က ဩဂုတ်၂၇ရက်ကစတင် ထိုးစစ်ဆင်လာပြီး တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ် ယာယီတပ်စွဲထားသည့်စခန်းတခုကို KIA၊KPDFက သိမ်းယူခဲ့ကြောင်းသိရသည်။

လမြန်ရွာနှင့် နမ့်ဝါကျေးရွာအပြင် အနီးပတ်ဝန်းကျင်ရှိ ဝါရှောင်ကျေးရွာကိုလည်း လေကြောင်းမှ ဗုံးကြဲသည့်အပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကလည်း လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook