Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငလျင်ဘေးသင့် ဒေသတွေဆီ အမျိုးသမီး ကျန်းမာရေး ဝန်ထမ်းတွေ သွားခွင့်ပြုဖို့ တာလီဘန်ကို WHO တောင်းဆို

အာဖဂန် နစ္စတန်က ငလျင်ဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အမျိုးသမီး ကျန်းမာရေး ဝန်ထမ်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေကို လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပေးဖို့ တာလီဘန် အာဏာပိုင်တွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က တိုက်တွန်း တောင်းဆိုထားပါတယ်။

ဓာတ်ပုံ - Reuters

အာဖဂန် နစ္စတန်က ငလျင်ဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အမျိုးသမီး ကျန်းမာရေး ဝန်ထမ်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေကို လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပေးဖို့ တာလီဘန် အာဏာပိုင်တွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က တိုက်တွန်း တောင်းဆိုထားပါတယ်။

အာဖဂန်ကို ၂၀၂၁ ခုနှစ်မှာ ပြန်လည် ထိန်းချုပ်ထားပြီး အုပ်ချုပ်နေတဲ့ တာလီဘန်တွေဟာ ဘာသာရေး အခြေပြု စည်းမျဉ်းတွေကို သတ်မှတ် ကျင့်သုံးပြီး အမျိုးသမီးတွေရဲ့ အခြေခံ လွတ်လပ်ခွင့် တော်တော်များများကို ကန့်သတ်ထားပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတွေဟာ အုပ်ထိန်းသူ မိသားစုဝင် အမျိုးသား တစ်ဦးဦး မပါဘဲ ရပ်ဝေးကို ခရီးသွားလာခွင့် မရှိဘူး ဆိုတာမျိုးလည်း ပါဝင်ပါတယ်။

အာဖဂန်မှာ ဩဂုတ် လကုန်ပိုင်းက မဂ္ဂနီကျူ ၆.၀ အဆင့် ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၂၂၀၀ ကျော် သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေလည်း အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ ငလျင်ဘေးသင့်ရာ နိုင်ငံ အရှေ့ပိုင်း နယ်မြေတွေဆီ ကယ်ဆယ်ရေး ဝန်ထမ်းတွေ စေလွှတ်ရာမှာ အမျိုးသမီးတွေရဲ့ လွတ်လပ်စွာ သွားလာခွင့်ကို တာလီဘန်တွေက တားဆီးထားတဲ့နောက် အခုကိစ္စကို ခြွင်းချက်နဲ့ ခွင့်ပြုပေးဖို့ WHOက တောင်းဆိုလာတာ ဖြစ်ပါတယ်။

ဒီလို တားဆီးကန့်သတ်မှုမျိုးဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကြီးမားတဲ့ အဟန့်အတားမျိုး ဖြစ်စေတယ်လို့ WHOရဲ့ အာဖဂန်ရုံးခွဲ ဒုတိယ အကြီးအကဲ ဒေါက်တာ မွတ်ခ်တား ရှာမားက ပြောကြားခဲ့ပါတယ်။ အခုအခြေအနေမှာတော့ အမျိုးသမီး ဝန်ထမ်းတွေကို အဲဒီ ဒေသတွေဆီ စေလွှတ်ရေး ကိစ္စကို ရေးကြီးခွင်ကျယ် ကန့်သတ်မှုတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူက ငလျင်ဘေးသင့် ဇုန်နယ်မြေတွေမှာ ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေထဲက ၉၀ ရာခိုင်နှုန်းဟာ အမျိုးသားတွေဖြစ်ပြီး ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကလည်း သူနာပြုတွေ၊ ဝမ်းဆွဲသည်တွေ အများစုဖြစ်ပြီး အမျိုးသမီး ဆရာဝန် မရှိသလောက် နည်းတယ်လို့ ရှာမားက ဆိုပါတယ်။ ဒဏ်ရာရထားတဲ့ အမျိုးသမီးတွေထဲမှာ သူစိမ်း အမျိုးသားနဲ့ ထိတွေ့ရမှာ ရှက်ရွံ့လို့ ကုသမှု မခံချင်တဲ့သူတွေလည်း ပါဝင်နေတတ်တာကြောင့် ဒီကိစ္စကို ဖြေရှင်းရာမှာ အမျိုးသမီး ကျန်းမာရေး ဝန်ထမ်းတွေကိုယ်တိုင် သွားရောက်ဖို့ကသာ အမှန်ကန်ဆုံး နည်းလမ်း ဖြစ်လိမ့်မယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

ငလျင်ကြောင့် အာဖဂန်မှာ သေဆုံးသူ ၂၂၀၀ ကျော်လွန်လာပြီး ဒဏ်ရာရသူ ၃၆၀၀ ကျော်ရှိသလို လူတွေ သောင်းသိန်းချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ပါတယ်။ နိုင်ငံတကာ အထောက်အပံ့တွေ ဆုတ်ယုတ်ကျဆင်းသွားမှု ပြဿနာကလည်း ငလျင်ဘေးသင့် ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့နိုင်ရေးမှာ ပိုပြီး အခက်အခဲတွေ ရှိလာစေပါတယ်။ ဒါ့အပြင် တာလီဘန်တွေ ကြီးစိုးအုပ်ချုပ်ခဲ့တဲ့ ၂၀၂၁ နောက်ပိုင်း အာဖဂန်မှာ အကူအညီပေးရေး ပရောဂျက်တွေလည်း လျော့နည်းသွားကြောင်း သိရပါတယ်။

ကိုးကား: Straits Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။