Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုရွေးကောက်ပွဲမဖြစ်ရေး ကရင်အမျိုးသားရဲတပ်ဖွဲ့ ကျရာတာဝန်ထမ်းဆောင်ရမည်ဟု KNU ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် စစ်အုပ်စု၏ ရွေးကောက်ပွဲမဖြစ်မြှောက်ရေးအတွက် ဆန့်ကျင်တော်လှန်နေပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့မှ ကျရာတာဝန်ကို အတူတကွ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း KNUက ယနေ့ စက်တင်ဘာ ၉ရက်တွင် ကျရောက်သည့်(၃၄)ကြိမ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့သို့ သဝဏ်လွှာပေးပို့ ပြောကြားသည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့မှ ရဲအရာရှိများအား တွေ့ရစဉ်။ ဓာတ်ပုံ − KIC

စက်တင်ဘာ−၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် စစ်အုပ်စု၏ ရွေးကောက်ပွဲမဖြစ်မြှောက်ရေးအတွက် ဆန့်ကျင်တော်လှန်နေပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့မှ ကျရာတာဝန်ကို အတူတကွ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း KNUက ယနေ့ စက်တင်ဘာ ၉ရက်တွင် ကျရောက်သည့်(၃၄)ကြိမ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့သို့ သဝဏ်လွှာပေးပို့ ပြောကြားသည်။

အာဏာသိမ်းစစ်တပ်သည် တရားဝင်မှုရရှိရေးအတွက် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုးပမ်းနေဟု ဖော်ပြသည်။

“ရွေးကောက်ပွဲသည် နိုင်ငံ၏ ပြဿနာများကို မဖြေရှင်းနိုင်သာမက ရွေးကောက်ပွဲကျင်းပခြင်းအားဖြင့် ပြည်တွင်း ပဋိပက္ခများကို ပိုမိုဖြစ်ပွားစေပြီး ကြောက်လန့်မှု၊ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်” ဟု KNU ၏ သဝဏ်လွှာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားရဲတပ်ဖွဲ့သည် ပြည်သူများနှင့်အတူလက်တွဲပြီး မိခင်အဖွဲအစည်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အရာများကို ပံ့ပိုးကူညီရန် တာဝန်ရှိဟု အသိပေးပြီး ပြည်သူလူထုများ၏ လုံခြုံရေးကို ကာကွယ်ပေးရန်နှင့် တရားဥပဒေစိုးမိုးရေးအတွက် တည်ထောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အလားတူပင် “ကရင်အမျိုးသားရဲတပ်ဖွဲ့”သည် ကရင်ပြည်သူလူထုများနှင့် နီးကပ်စွာ ပူးပေါင်းလုပ်ဆောင် ခြင်းဖြင့် ကရင်တစ်မျိုးသားလုံး၏ နိုင်ငံရေးဆန္ဒနှင့် နိုင်ငံရေးရည်မှန်းချက် များအား ဖြည့်စွက်ပေးရန် ကြီးမားသည့် တာဝန်ရှိကြောင်းလည်း ဖော်ပြသည်။

ပြည်သူလူထုများ၏ အသက်အိုးအိမ် စည်းစိမ်များကာ ကွယ်ရန်နှင့် တရား ဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်ရန်အတွက် ပြည်သူလူထုများသည် လုံခြုံရေးအခန်းကဏ္ဍ တာဝန်များကို ကရင်အမျိုးသားရဲတပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင်ရန်နှင့်ပံ့ပိုးကူညီရန် အလွန်ပင်အရေးကြီးဟုလည်း KNUက သဝဏ်လွှာပေးပို့သည်။

ထို့ကြောင့် ကရင်အမျိုးသားရဲတပ်ဖွဲ့သည် ပြည်သူလူထုများ၏ ယုံကြည်မှုနှင့် အားထားမှု ရှိရန်မှာ အဓိကအချက်ပင် ဖြစ်ကြောင်း၊ ပြည်သူလူထုမှ ယုံကြည်မှုမရှိပါက ပူးပေါင်းဆောင်ရွက်မှုရှိမည်မဟုတ်ဘဲ တရားဥပဒေစိုးမိုးမှုမရှိခြင်းနှင့် ပြည်သူလူထုများ၏ လုံခြုံရေးအာမခံချက် များသည်လည်း ရှိနိုင်မည်မဟုတ်ဟု KNUက သတိပေးသည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့ ဖွဲစည်းခြင်း၏ အခြားသော ပင်မရည်ရွယ်ချက်တစ်ခုမှာ KNUနှင့် ကရင်အမျိုးသား နိုင်ငံရေးရည်ရွယ်ချက်များအား ၎င်း၏ကျရောက်သော အခန်းကဏ္ဍ တွင် ဖြည့်ဆည်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ KNU ၏ အခြေခံ ဥပဒေနှင့် ကရင်အမျိုးသား နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့်ဖက်ဒရယ်ဒီမိုကရေစီနှင့် သက်ဆိုင်သည့် လုံခြုံရေး ဆိုင်ရာမူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း ကရင် အမျိုးသား ရဲတပ်ဖွဲ့၏ အကြီးအကဲများသည် လေ့လာသင်ယူရန်လိုအပ်ပြီး လုပ်ဖော်ကိုင်ဖက်များကို တစ်ဆင့် အသိပညာများ ဖလှယ်ရန် လိုအပ်ကြောင်းလည်း သဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook