Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် ပြိုခဲ့တဲ့ ကျောင်းဆောင်ပြုပြင်နေတဲ့ ဆရာတော် ဓာတ်လိုက်၍ ပျံလွန်တော်မူ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊တောင်ပြင်ထီးလင်းတိုက် ပဌမတိုက်ကျောင်းဆရာ‌တော် ဘဒ္ဒန္တ‌သောပါက သည် ငလျင်ကြောင့် ပြိုပျက်သွားသောကျောင်းဆောင်ကို ပြန်ပြင်နေရာအလုပ်သမားများကို ကူညီစဉ် ဓာတ်လိုက်၍ ပျံလွန်တော်မူခဲ့သည်။

ပျံလွန်​တော် မူခဲ့​သော ဘဒ္ဒန္တ‌သောပါက

စက်တင်ဘာ-၁၃၊၂၀၂၅။တေဇ/People’s Spring

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊တောင်ပြင်ထီးလင်းတိုက် ပဌမတိုက်ကျောင်းဆရာ‌တော် ဘဒ္ဒန္တ‌သောပါက သည် ငလျင်ကြောင့် ပြိုပျက်သွားသောကျောင်းဆောင်ကို ပြန်ပြင်နေရာအလုပ်သမားများကို ကူညီစဉ် ဓာတ်လိုက်၍ ပျံလွန်တော်မူခဲ့သည်။

“ငလျင်ဘေးဒဏ်ကြောင့်ပြိုပျက်သွားရာ ကျောင်းဆောင်အား ဆလပ်ပြင်လောင်းအလုပ် သမားများအား မီးထွန်းပေးရန် မီးကြိုးကိုင်ပြနေစဥ် ဓာတ်လိုက်၍ ပက်လက်လှန်လဲကာ ပျံလွန်တော်မူသွားပါကြောင်း ဖုန်းသတင်းဖြင့်ကြားသိရသည်” ဟု သုဘောဂါကျောင်းတိုက် ဆရာတော်ကမိန့်ကြားသည်။

ဆရာတော် ဘဒ္ဒန္တ‌သောပါက သည် စက်တင်ဘာ ၁၁ ရက် ညနေတွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး သက်တော် ၄၂ နှစ် ဝါတော် ၂၂ ဝါရှိကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆရာတော်၏ အဂ္ဂိဈာပနကိုစက်တင်ဘာ ၁၅ ရက် နံနက် ၈နာရီတွင် တောင်အင်းသုဿန်သို့ ပို့ဆောင် သဂြိုဟ်မည်ဟု သုဘောဂါကျောင်းတိုက် ဆရာတော် ကအသိပေးထားသည်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီး တွင် တောင်ပြင်ထီးလင်းတိုက် ပဌမတိုက် ကျောင်းသည် အဆောက်အဦး ထိခိုက်မှုများရှိခဲ့‌ သောကြောင့် ပြန်လည်ပြင်ဆင်မှုများပြုလုပ်နေခြင်းဖြစ်သည်။

ပြည်သူ ​ထောင်ချီ​သေဆုံးခဲ့သည့်မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့​သော ဖျက်အားပြင်းငလျင်ကြီး​ကြောင့် မန္တ​လေးမြို့ ပြိုကျ​နေ​သော ၊ပျက်စီးသွား​သောအ​ဆောက်အအုံများကို ပြည်သူများကကိုယ်အစီအစဥ်ဖြင့် ရှင်းလင်းစဥ် ၊ဖြိုကျစဥ် ဓါတ်လိုက်​သေဆုံးမှု ၊ အ​ဆောက်အအုံပိ၍ ​သေဆုံးဒဏ်ရာရမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပနားမား နိုင်ငံမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီး နှစ်ခု လှုပ်ခတ်သွားပြီး ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

Trending

Facebook