စက်တင်ဘာ-၁၃၊၂၀၂၅။တေဇ/People’s Spring
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊တောင်ပြင်ထီးလင်းတိုက် ပဌမတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တသောပါက သည် ငလျင်ကြောင့် ပြိုပျက်သွားသောကျောင်းဆောင်ကို ပြန်ပြင်နေရာအလုပ်သမားများကို ကူညီစဉ် ဓာတ်လိုက်၍ ပျံလွန်တော်မူခဲ့သည်။
“ငလျင်ဘေးဒဏ်ကြောင့်ပြိုပျက်သွားရာ ကျောင်းဆောင်အား ဆလပ်ပြင်လောင်းအလုပ် သမားများအား မီးထွန်းပေးရန် မီးကြိုးကိုင်ပြနေစဥ် ဓာတ်လိုက်၍ ပက်လက်လှန်လဲကာ ပျံလွန်တော်မူသွားပါကြောင်း ဖုန်းသတင်းဖြင့်ကြားသိရသည်” ဟု သုဘောဂါကျောင်းတိုက် ဆရာတော်ကမိန့်ကြားသည်။
ဆရာတော် ဘဒ္ဒန္တသောပါက သည် စက်တင်ဘာ ၁၁ ရက် ညနေတွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး သက်တော် ၄၂ နှစ် ဝါတော် ၂၂ ဝါရှိကြောင်း သိရသည်။

Public Service Announcement
ဆရာတော်၏ အဂ္ဂိဈာပနကိုစက်တင်ဘာ ၁၅ ရက် နံနက် ၈နာရီတွင် တောင်အင်းသုဿန်သို့ ပို့ဆောင် သဂြိုဟ်မည်ဟု သုဘောဂါကျောင်းတိုက် ဆရာတော် ကအသိပေးထားသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီး တွင် တောင်ပြင်ထီးလင်းတိုက် ပဌမတိုက် ကျောင်းသည် အဆောက်အဦး ထိခိုက်မှုများရှိခဲ့ သောကြောင့် ပြန်လည်ပြင်ဆင်မှုများပြုလုပ်နေခြင်းဖြစ်သည်။
ပြည်သူ ထောင်ချီသေဆုံးခဲ့သည့်မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သော ဖျက်အားပြင်းငလျင်ကြီးကြောင့် မန္တလေးမြို့ ပြိုကျနေသော ၊ပျက်စီးသွားသောအဆောက်အအုံများကို ပြည်သူများကကိုယ်အစီအစဥ်ဖြင့် ရှင်းလင်းစဥ် ၊ဖြိုကျစဥ် ဓါတ်လိုက်သေဆုံးမှု ၊ အဆောက်အအုံပိ၍ သေဆုံးဒဏ်ရာရမှုများရှိခဲ့သည်။


















































