Connect with us

Hi, what are you looking for?

သတင်း

ULF စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း ကျဆုံး

ကနီမြို့နယ်၊ ချောင်းမကျေးရွာတိုက်ပွဲတွင် အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းကျဆုံးခဲ့သည်။

ULF စစ်​ကြောင်းမှူး ရဲ​ဘော်နိုင်မင်း၏ နာ​ရေးပြုလုပ်စဥ် ။ဓါတ်ပုံ-ULF

စက်တင်ဘာ-၁၃၊၂၀၂၅။လူအေး/People’s Spring

ကနီမြို့နယ်၊ ချောင်းမကျေးရွာတိုက်ပွဲတွင် အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းကျဆုံးခဲ့သည်။

ရဲဘော်နိုင်မင်းသည် ချောင်းမကျေးရွာမှထွက်လာသော စစ်တပ်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်နေစဥ် ရှေ့တန်းတစ်နေရာ၌ စစ်ကောင်စီက Y 12 လေယာဉ်ဖြင့် ဗုံးကြဲစဉ် ထိမှန်ကျဆုံးခဲ့ခြင်းဟု ULFကစက်တင်ဘာလ ၁၃ ရက်၌ထုတ်ပြန်သည်။

“ULF စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း(SGG 1104 00002)၏ခေါင်းဆောင်မှုရဲစွမ်းသတ္တိနှင့်စွန့်လွှတ်စွန့်စားမှုတို့ကိုတော်လှန်ရေးသမိုင်းမှာကမ္ဗည်းမော်ကွန်းတင်လျှက် ရဲဘော်တို့၏စိတ်နှလုံးအိမ်တွင်လည်း အစဥ်ထာဝရ ဥဒါန်းတွင်နေမှာဖြစ်သည်”ဟု ULFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ရဲဘော်နိုင်မင်းသည်အသက် (၄၀)ဝန်းကျင်ရှိပြီး ယင်းမာပင်ခရိုင်အပြင် အညာဒေသမှ တိုက်ပွဲများတွင် ရှေ့တန်းမှ ဦးဆောင်တိုက်ခိုက်သူဖြစ်၍ ပြည်သူ့ကာကွယ်ရေးရဲဘော်များက လေးစားကြသည်။ သူ့ဦးဆောင်မှုကို ယုံကြည်ကြသည်။ ယခင်တိုက်ပွဲအချို့တွင်လည်းခြေထောက်နှင့်လက်၌ဒဏ်ရာရခဲ့ဖူးပြီး ဒဏ်ရာဖြင့်ပင် စစ်မြေပြင်၌ ကွပ်ကဲခဲ့သူဖြစ်သည်။

“ကိုနိုင်မင်းကျသွားတာ တော်တော်လေးဆုံးရှုံးမှုကြီးမားတယ်”ဟုရဲ​​ဘော်နိုင်မင်း၏ မိတ်ဆွေPDF တဦးကပြောသည်။

ရဲဘော်နိုင်မင်း၏ ဈာပနပြုလုပ်နေစဉ်တွင်လည်း စစ်ကောင်စီက လေကြောင်းမှ ရမ်းသမ်း၍ ဗုံးကြဲခဲ့သည်။သို့သော် ပြည်သူ့ကာကွယ်ရေးတပ်များက စနစ်တကျစီစဉ်နိုင်ခဲ့၍ ထိခိုက်မှုမရှိခဲ့ပေ။

စစ်ကောင်စီစစ်ကြောင်းများသည် မုံရွာ၊ယာကြီး၊ ကလေးဝလမ်းအတိုင်းစက်တင်ဘာလဆန်းမှစတင်၍ ကနီမြို့နယ်သို့ဝင်ရောက်လာပြီး ချောင်းမရွာအပါအဝင် ရွာအချို့မှနေအိမ်များကိုမီးရှို့နေ၍ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်၌သေဆုံး၊ထိခိုက်မှုများပြားခဲ့ပြီး စစ်ကြောင်းများပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ကြရသည်။

အမှတ်(၁)စစ်​ဒေသက ​ချောင်းမရွာတိုက်ပွဲထုတ်ပြန်ရာတွင်အင်အား ၁၀၀ ခန့်ပါစစ်တပ်စစ်​ကြောင်းသည် ၃ ဦး​သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးဖမ်းမိကာ လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့​ကြောင်း​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊နတ်လာပို့တောင်ရွာက ရှင်ပြုအလှူပွဲကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ထွက်ပြေးတဲ့ပြည်သူ တွေနောက်ကို ဒရုန်း တွေနဲ့ဗုံးထပ်ကြဲတာ​ကြောင့် ကျောင်းထိုင်ဆရာတော် နဲ့မောင်ရှင်​လောင်းတွေအပါအဝင်ပြည်သူ ၇ဦး သေဆုံးပြီးဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတွင်း ရွှေမျှောလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံ ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့တာမို့ ပြည်သူတွေ သေဆုံးခဲ့ပြီး ဒေသခံတွေဟာ ကျေးရွာအတွင်း မအိပ်ရဲဘဲ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

သတင်း

စစ်ကောင်စီစစ်ကြောင်းပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲမှာ ဆေးကြောင်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်​​တွေကို ကာကွယ်ရေးတပ်တွေဖမ်းမိခဲ့ပါတယ်။