Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ လေတပ်တွေ စစ်တကောင်းမှာ ပူးပေါင်းလေ့ကျင့်နေ

အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာ လေတပ်တွေ ပူးပေါင်း လေ့ကျင့်တဲ့ အစီအစဉ်တစ်ခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့မှာ စက်တင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့ပါတယ်။

ဓါတ်ပုံ-pacaf

စက်တင်ဘာ-၁၇၊၂၀၂၅။People’s Spring

အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာ လေတပ်တွေ ပူးပေါင်း လေ့ကျင့်တဲ့ အစီအစဉ်တစ်ခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့မှာ စက်တင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့ပါတယ်။

Pacific Angel-3လို့ နာမည်ပေးထားတဲ့ လေ့ကျင့်မှုကို အမေရိကန်ရဲ့ ပစိဖိတ် လေတပ်က ဦးဆောင် အကောင်အထည်ဖော်ပြီး ၄ ရက်ကြာမြင့်မှာပါ။ ပူးပေါင်းလေ့ကျင့်မှုရဲ့ရည်ရွယ်ချက်ကသဘာဝ ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်မှုစွမ်းရည်တွေ ပိုမို အားကောင်းလာစေဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေမှာပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့၊ ဒေသတွင်းမိတ်ဖက်ပူးပေါင်းမှုတွေ ပိုမို မြှင့်တင်နိုင်ဖို့ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

အပိုင်းလိုက် လုပ်ဆောင်တဲ့ Pacific Angel စစ်ရေးလေ့ကျင့်မှုတွေမှာအမေရိကန်စစ်မှုထမ်းတွေ၊ ဒေသတွင်းမိတ်ဖက်စစ်တပ်တွေရဲ့ပူးပေါင်း ဆောင်ရွက်နိုင်မှု၊ စစ်ဆင်နိုင်စွမ်း အသင့်ဖြစ်မှုကို မြှင့်တင်ဖို့၊ အကျပ်အတည်း ကာလတွေမှာ အ

Public Service Announcement

Public Service Announcement

ပြန်အလှန် ပူးပေါင်း လုပ်ဆောင်မှု စွမ်းရည်ကို ချဲ့ထွင်ဖို့ အဓိက ရည်ရွယ် လုပ်ဆောင်လေ့ ရှိတယ်လို့ ဆိုပါတယ်။

စစ်တကောင်းက လေ့ကျင့်မှုတွေမှာတော့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ရေး အစီအမံတွေ အပါအဝင် ကျယ်ပြန့် စုံလင်တဲ့ အခြေအနေတွေမှာ သရုပ်တူ လေ့ကျင့်သွားမယ်လို့ ဆိုပါတယ်။ အစီအစဉ်တွေထဲမှာ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး၊ စစ်မြေပြင် ဆေးရုံတွေ တည်ဆောက်ပြီး လေတပ်က ပူးပေါင်းပါဝင်မှုတွေလည်း ပါဝင်ပါတယ်။

စစ်တကောင်းဟာဘင်္ဂလားပင်လယ်အော်နဲ့ဆက်

စပ် တည်ရှိနေပြီး ဆိုင်ကလုန်း မုန်တိုင်းတွေ၊ ရေ

ကြီးမှုတွေနဲ့ တခြား သဘာဝ ဘေးအန္တရာယ်တွေ ကြုံတွေ့နိုင်ခြေ မြင့်မြင့်မားမား ရှိနေတာကြောင့် အခုလို လေ့ကျင့်မှုမျိုးက သိပ်အရေးကြီးတယ်လို့ ဘင်္ဂလားဒေ့ရှ် လေတပ်က ပြောပါတယ်။

ဒီလေ့ကျင့်မှုမျိုးဟာ လက်တွေ့ ကြုံလာနိုင်တဲ့ အခြေအနေတွေကို ရည်ရွယ် ပြင်ဆင်ထားတာ ဖြစ်သလို အင်ဒို-ပစိဖိတ် ဒေသမှာ ပိုမို တည်ငြိမ်၊ လုံခြုံ ဘေးကင်းတဲ့ ရပ်ဝန်းမျိုး ဖန်တီးလိုတဲ့ နိုင်ငံအသီးသီးရဲ့ ဆန္ဒနဲ့လည်း ကိုက်ညီမှု ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား-PACAF

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။