Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ဒီးမော့ဆိုမြို့နယ်ကို အင်အားဖြည့်တင်းနေ

စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကို တပ်သားနဲ့ ရိက္ခာအများအပြားဖြည့်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီးမော့ဆိုမြို့တနေရာမှာ တွေ့ရတဲ့ တော်လှန်ရေးရဲဘော်တွေ။ ဓာတ်ပုံ − CJ

စက်တင်ဘာ-၁၉၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကို တပ်သားနဲ့ ရိက္ခာအများအပြားဖြည့်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၁၉ရက်)အထိ နှစ်ရက်အတွင်း စစ်တပ်သုံးကား အစီး ၅၀ကျော်နဲ့ လွိုင်ကော်မြို့နယ်ကနေ ဖြည့်တင်းနေတာလို့ ဆိုပါတယ်။

“ကရင်နီက အပေါက်တွေ အကုန်စစ်ကြောင်းထိုးဖို့များတယ်”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

ဖယ်ခုံမြို့နယ်ကတဆင့် ဒီးမော့ဆိုမြို့နယ်ကို ချိတ်ဆက်ထားတဲ့ ဆီဘူး-ဒီးမော့ဆိုလမ်းပိုင်းမှာလည်း စစ်ရေးအရဂရုစိုက်နေရတဲ့ အခြေအနေရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီးမော့ဆိုမြို့ပေါ်ကိုသာ ထိန်းချုပ်နိုင်သေးတဲ့ စစ်ကောင်စီတပ်က မြို့နယ်တခုလုံးကို စစ်ရေးအရ ဖြန့်ကျက်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

“ဒီးမော့ဆိုမြို့ကနေ ဖရူဆိုဘက်ကို ဆင်းနေသလို ဒီးမော့ဆို-မိုးဗြဲ လမ်းပိုင်းဖြစ်တဲ့ အပေါ်ဘက်ကိုပါ စစ်ကြောင်းတွေရွေ့နေတယ်။တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ခြုံပြောရရင် ဒီးမော့ဆိုနဲ့ပတ်သက်သမျှ အရေးကြီးလမ်းပိုင်းတွေအကုန်ယူမယ်။တဆက်တည်းမှာပဲ ဘောလခဲကိုလည်း စစ်အင်အားရအောင်ပို့လိမ့်မယ်”လို့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ထိုးစစ်ကိုခုခံမှုမှာ ကရင်နီပူးပေါင်းတပ်ဘက်ကရဲဘော်အချို့ကျဆုံးထိခိုက်တာရှိသလို စစ်ကောင်စီတပ်လည်း အထိနာနေတယ်လို့ သူက ဆိုပါတယ်။

“ဒီးမော့ဆို-ဖရူဆိုကနေပြီး ဘောလခဲရောက်အောင်ထိ စစ်ဆင်ရေး တွေက ကျွန်တော်တို့ဆီမှာနေ့တိုင်းရှိနေတယ်။​လေ ကြောင်းကနေ ဗုံးကြဲတာတွေ၊မြေပြင်တိုက်ပွဲတွေ ဖြစ်နေတယ်”လို့ ကရင်နီပြည်အတိုင် ပင်ခံကောင်စီ (KSCC) KSCC ဥက္ကဌ ဦးအောင်ဆန်းမြင့်က စစ်ကြောင်းထိုး​နေတဲ့စစ်ကောင်စီနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်က မယ်စဲ့၊ဖားဆောင်းနဲ့ ရှားတောမြို့နယ်ကလွဲလို့ ကျန်မြို့နယ်တွေမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook