Connect with us

Hi, what are you looking for?

သတင်း

စစ်​တပ်ကသံတွဲမြို့ကိုဗုံးကြဲ တစ်အိမ်တည်းမှအမျိုးသား ၁ဦး​သေဆုံး၊ က​လေး ၂ဦးအပါအဝင် ၅ဦး ဒဏ်ရာရ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို စက်တင်ဘာလ၂၇ရက်နေ့မှာ စစ်ကောင်စီကဗုံးကြဲလို့ မိသားစုတစ်စုတည်းက အမျိုးသားတစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရရှိသွားပါတယ်။

ဗုံးကြဲခံရလို့ ဒဏ်ရာရသူတဦးကို ကယ်ထုတ်နေစဉ်။ဓါတ်ပုံ-CJ

စက်တင်ဘာ-၂၈၊၂၀၂၅။လူအေး/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို စက်တင်ဘာလ၂၇ရက်နေ့မှာ စစ်ကောင်စီကဗုံးကြဲလို့ မိသားစုတစ်စုတည်းက အမျိုးသားတစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရရှိသွားပါတယ်။

စက်တင်ဘာ ၂၇ ရက်​နေ့ ၊နံနက် ၈ နာရီ ၂၇ မိနစ်နဲ့ ၈ နာရီ ၃၂ မိနစ်မှာဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာလို့ ဒေသခံသတင်းရင်းမြစ်​တွေကပြောပါတယ်။

“ပထမကြဲတဲ့အလုံးက အိမ်တည့်တည့်ကိုထိတာ။ တစ်မိသားစုလုံးထိခိုက်တာဖြစ်တယ်” လို့သတင်းရင်းမြစ်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးထိမှန်သည့်အိမ်မှ အမျိုးသားတဦးသေဆုံးခဲ့သလို အသက်၆နှစ်အရွယ်ကလေးငယ်တစ်ဦး၊ ၁၃နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရပါတယ်။

သံတွဲမြို့ကိုဗုံးမကြဲခင် ဖေဖော်ဝါရီလ၂၆ရက်နေ့က တောင်ကုတ်မြို့က တပ်ဦးဘုန်းကြီးကျောင်းကိုလည်း စစ်ကောင်စီကဗုံးကြဲခဲ့ပါတယ်။ လူထိခိုက်သေဆုံးမှုမရှိပေမယ့် ကျောင်းဆောင်ပျက်စီးသွားတယ်လို့သိရပါတယ်။ စစ်ကောင်စီဟာ‌ တောင်ကုတ်မြို့ကို ပြီးခဲ့တဲ့သြဂုတ်လ၁၃ရက်နေ့ကလည်း ဗုံးကြဲခဲ့ပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ်မှာ ကျောက်ဖြူ၊ စစ်တွေနဲ့မာန်အောင်မှလွဲပြီးကျန်မြို့နယ်တွေအားလုံးကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။သိမ်းပိုက်ဖို့ကျန်နေတဲ့မြို့တွေကိုလည်း စစ်

ရေးရည်မှန်းချက်အတိုင်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ AAက ထုတ်ဖော်ပြောကြားထားပါတယ်။ စစ်ကောင်စီကလည်း ပြီးခဲ့တဲ့မေလကစပြီး ရခိုင်ပြည်နယ်ကမြို့နယ်တွေကို ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ အရှိန်မြှင့်လာပါတယ်။

ဩဂုတ်လ ၂၅ရက်နဲ့ စက်တင်ဘာလ၁၂ရက်ကမြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်နဲ့ ကျောက်တော်မြို့၊သရက်တပင်ရွာကို လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ၃၅ဦးသေဆုံးပြီး ၃၀ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးစုစုပေါင်း ၁၈၄ ဦး သေဆုံးပြီး ၄၇၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်ထားပါတယ်။အဲဒီအထဲမှာ လေကြောင်း

တိုက်ခိုက်မှု တွေကြောင့် သေဆုံးသူ ၁၀၂ ဦး၊ဒဏ်ရာရသူ၂၁၃ဦး ပါဝင်ပါတယ်။

အရပ်သားတွေထိခိုက်သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှု‌တွေဟာစစ်ကောင်စီရဲ့အလွန်ကြီးမားတဲ့ စစ်ရာဇဝတ်မှု​တွေဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး တားဆီးဖို့၊ အ

ရပ်သားပြည်သူတွေကို ကာကွယ်ပေးဖို့ HDCOက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ် စစ်ဆင်ရေးတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေကို အာရက္ခတပ်တော်(AA)ထံ အပါမခံဘဲ အချင်းချင်း ပစ်သတ်ဖို့ စစ်တပ်အရာရှိတွေက ညွှန်ကြားထားတယ်လို့ AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၁ဦးဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)တပ်သား ရန်ငြိမ်းအောင် က ပြောပါတယ်။

Facebook